
The Rifleman လို့လည်း လူသိများတဲ့ ဒီဇာတ်ကားလေးဟာ ပထမ ကမ္ဘာစစ်ကာလက အသက် ၁၆ နှစ်အရွယ် လူငယ်လေးတစ်ယောက်အကြောင်း ဖြစ်ရပ်မှန်ကို အခြေပြုထားတာပါ။ သူရဲကောင်းဖြစ်ချင်တဲ့စိတ်နဲ့ ပထမကမ္ဘာစစ်ကို ဝင်တိုက်ခဲ့ပေမဲ့ စစ်ရဲ့ အနိဌာရုံတွေကို မြင်တွေ့ခဲ့ချိန်၊ ကိုယ့်ရဲ့ မိသားစုဝင်ကိုပါ ဆုံးရှုံးလိုက်ရချိန်မှာတော့ သူ့ရဲ့ ဦးတည်ချက်က သူရဲကောင်းဖြစ်ဖို့မဟုတ်တာ့ဘဲ အမိတိုင်းပြည်မှာ မိသားစုဝင်တွေကို တစ်စုတစည်းတည်း ပြန်ဖြစ်စေဖို့ ကြိုးစားပုံတွေကို ရိုက်ကူးပုံဖော်ထားတာပါ။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... အချိန်အားဖြင့် 1900 ကျော် ပထမကမ္ဘာစစ်ကြီးဖြစ်ခါနီးအချိန်ပေါ့၊ လာဗီယာဆိုတဲ့ ရုရှားနဲ့ ဂျာမနီနိုင်ငံကြားက နိုင်ငံငယ်လေးတစ်ခုမှာ အာတူ့စ်ဆိုတဲ့ ချာတိတ်လေးတစ်ယောက်ဟာ သူ့မိဘနှစ်ပါးရယ် အစ်ကိုဖြစ်သူရယ်နဲ့ နေထိုင်ပါတယ်။ ပထမကမ္ဘာစစ်ကြီးစဖြစ်တော့ သူ့မိခင်ကို ဂျာမန်စစ်သားတွေက သတ်သွားတယ်။ စစ်ပြန်ဖခင်ဖြစ်သူနဲ့ သူတို့ညီအစ်ကိုနှစ်ဦးလည်း လာဗီယာတပ်ဖွဲ့ထဲဝင်ပြီး စစ်တိုက်ထွက်ကြရတဲ့အချိန်ပေ့ါ။ အဲဒီချိန်မှာ လာဗီယာနိုင်ငံက ရုရှားလက်အောက်ခံအဖြစ်ပဲ ရှိပါသေးတယ်။ ရုရှားအတွက် စစ်တိုက်ပေးရင်း ဆိုဗီယက်ရုရှားဟာ လာဗီယာနိုင်ငံကို တကယ် လွတ်လပ်ရေးပေးမှာမဟုတ်ဘူး ဆိုတာကိုပါ အာတူ့စ်တို့နားလည်လာတဲ့အချိန်မှာတော့ ... ဒီလိုနဲ့ လွတ်လပ်ရေးရဖို့ အရွယ်မရောက်ရှာသေးတဲ့ အာတူ့စ်တစ်ယောက် ဘယ်လိုပါဝင်ပေးဆပ်အနစ်နာခံခဲ့ရလဲ ဆိုတာကို ရင်နင့်ဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ) File Size : 3.2GB, 1.4GB & 657MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 2hr & 3mins Genre : Action, History, Drama Translated by May Myat Thu Encoded by Kinnov
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 3.2GB | Download | |
| 720p | 1.4GB | Download |