
Blended Christmas (2024) IMDb Rating (6.2) လက်ထပ်ပြီးခါစ ကြင်စဉီးဇနီးမောင်နှံနှစ်ယောက်ဟာ ဟန်းနီးမွန်းခရီးထွက်ဖို့ပြင်ဆင်ခဲ့ပါတယ်။ ဖြစ်ချင်တော့ အမျိုးသားဖြစ်သူရဲ့ ဇနီးဟောင်းဟာ ရုတ်တရက်ကားအက်ဆီးဒင့်ဖြစ်ပြီး ဆေးရုံတင်လိုက်ရတဲ့အထိဖြစ်သွားပါတယ်။ ဒီလိုနဲ့ အမျိုးသားဟာ သူ့ရဲ့အရင်မိန်းမနဲ့ရထားတဲ့ ကလေးနှစ်ယောက်ကို ဒီတိုင်းမချန်ခဲ့နိုင်ဘူးဆိုပြီး သူ့အရင်မိန်းမကို သွားကြည့်ရင်း ကလေးတွေကို ခဏတဖြုတ်အုပ်ထိန်းဖို့ဖြစ်လာပါတယ်။ ဒီလိုနဲ့ သူ့ရဲ့ပထမဆုံးအကြိမ်ဖြစ်တဲ့ ဟန်နီးမွန်းကို မသွားလိုက်ရတဲ့ ဇနီးသစ်လေးက အမျိုးသားအပေါ် ကတောက်ကစဖြစ်လာပါတယ်။ ခရစ်စမတ် အချိန်ကလည်း ရောက်လုနီးပြီဖြစ်၊ ကောလိပ်ကတည်းက ချစ်ကြိုက်လာကြပေမယ့်လည်း အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ကြားထဲမှာဝေးကွာခဲ့ရတဲ့ ဇနီးဖြစ်သူဟာ ဆုံးရှုံးခံရတဲ့မိခင်ဖြစ်သူအကြောင်းစဉ်းစားမိရင်း သူနောက်ထပ်အရမ်းချစ်ရတဲ့ ခင်ပွင်းဖြစ်သူကိုပါ ဆုံးရှုံးရတော့မှာကို တွေးယောင်ပြီး ဝမ်းနည်းနေရှာပါတယ်။ ဒါပေမဲ့ နတ်သမီးတစ်ယောက်က လူဖြစ်ဟန်ဆောင်ပြီး ဇနီးဖြစ်သူကို အဘက်ဘက်ကနေ ကူညီပေးတဲ့အခါမှာတော့ မင်းသမီးတို့ မိသားစု ခရစ်စမတ်ကို လူစုံတက်စုံဘယ်လိုဖြတ်သန်းကြမလဲဆိုတာကို ရသမျိုးစုံခံစားရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.6 GB) / (780 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Family Duration….01:23:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark