
မာဗယ် Phase 4 ရုပ်ရှင်အသစ်တစ်ခုဖြစ်တဲ့ ဘလက်ပန်သာ-၂ ကို တင်ပေးထားပါပြီ။ ဇာတ်လမ်းအညွှန်း အားလုံးပဲ ဘလက်ပန်သာရဲ့ မင်းသားကြီး ချက်ဒ်ဝစ်ခ် ဘို့စ်မန် ကွယ်လွန်သွားခဲ့တာကိုသိမှာပါ။ အဲဒီအတွက်လည်း မာဗယ်စတူဒီယိုက ဒီရုပ်ရှင်ထဲမှာ အမှတ်တရတွေ သေချာထည့်ပေးထားပါတယ်။ အခု ဆက်ကြည့်ရမှာကတော့ ဝါကန်ဒါမှာ အားအနည်းဆုံးအချိန်၊ ဘလက်ပန်သာ မရှိတော့သလို နောက်ထပ် ပေါ်လာဖို့လည်း နှလုံးသားပုံဆေးရွက်တွေ မီးရှို့ခံထားရတဲ့အချိန်မှာ ဘုရင်ကြီးတီချာလာရဲ့ မယ်တော် အာမွန်ဒါဟာ ဗိုင်ဘရေနီယံကို မက်မောနေကြတဲ့ ကမ္ဘာတစ်ခုလုံးကို ကြံ့ကြံ့ခံ ရင်ဆိုင်နေချိန်ပဲဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ ကမ္ဘာပေါ်က နိုင်ငံတိုင်းထက် အင်အားကြီးပြီး တိုးတက်နေတဲ့ နိုင်ငံအသစ်တစ်ခုနဲ့ ရင်ဆိုင်ဖို့ကြုံလာပါတော့တယ်။ ဝါကန်ဒါလိုပဲ ဗိုင်ဘရေနီယံတွေ ပိုင်ဆိုင်ပြီး သန္ဓေပြောင်းလူသားတွေနေထိုင်တဲ့ ရေအောက်မြို့တော် တာလိုကန်နဲ့ သူတို့ရဲ့ ခေါင်းဆောင် နေမော် (ခေါ်) ကုကုကန် ပါပဲ။ ပြီးတော့ နောက်ပိုင်းမှာ MCU villain အဖြစ်လာမယ့် ဗဲလ်၊ အိုင်ရွန်မန်းကိုဆက်ခံမယ့်သူ၊ ဘလက်ပန်သာကို ဆက်ခံမယ့်သူတွေအားလုံးကိုလည်းအစပျိုးသွားတာမို့ MCU ရဲ့ ခရီးရှည်ကြီးကို ဆက်ပြီးခံစားရဦးမှာပါပဲ။ ကြည့်လိုက်ကြပါဦး။ File size…(2.4 GB)/(1.1 GB) / 784MB / 6.25GB Quality….Bluray 1080p / 720p / 480p / 4K Format…mp4 Duration….02:41:00 Genre...Action, Adventure, Superhero Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson