
ကဲ ဒီတစ်ခါ CM ပရိတ်သတ်တွေအတွက် All Of Us Are Dead ထဲက အွန်ဂျိုလေးပါဝင်ထားတဲ့ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးက ကြီးမားတဲ့ကံဆိုးမှုကြီးကို အတူကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးနှစ်ယောက်ကြားက ဆက်ဆံရေးကိုအသားပေးရိုက်ကူးထားတာပါ။ လမ်းမကြီးရဲ့အလယ်စည်းကိုကျော်ပြီး ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုတစ်ခုကြောင့် ပြစ်မှုကျူးလွန်သူကသေဆုံးပြီး နစ်နာသူကတော့ coma ဖြစ်သွားခဲ့ပါတယ်။ အချိန်တစ်ခုကြာပြီးတဲ့နောက်မှာ ပြစ်မှုကျူးလွန်သူရဲ့ဇနီး Hee Joo ကသူမအလုပ်လုပ်ခဲ့တဲ့ စက်ရုံကိုပြန်လာခဲ့ပါတယ်။ အဲဒီစက်ရုံမှာ နစ်နာသူရဲ့ဇနီးဖြစ်သူ Young Nam အလုပ်လုပ်နေတာကိုမြင်ခဲ့ရပြီး Hee Joo က ဇဝေဇဝါဖြစ်သွားခဲ့ရပါတယ်။ Hee Joo က Young Nam ရဲ့သမီး Eun Young နဲ့ ရင်းနှီးလာခဲ့တဲ့အခါမှာတော့ Eun Young ဆီကနေ ဒီအမှုနဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ခုကို သိရှိခဲ့ရပါတယ်။ မတော်တဆမှု တစ်ခုရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်က ဘာဖြစ်မလဲ? တစ်စတစ်စ တင်းမာလာတဲ့ အမျိုးသမီးနှစ်ယောက်ကြားက ဆက်ဆံရေးကရော ဘာဆက်ဖြစ်သွားမလဲ? ဆိုတာ စိတ်ဝင်တစားကြည့်ရှုရမယ့်ကားလေးပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Hnin Pale ပါ) File Size : (863MB), (396MB) & (254MB) Quality : WEB-DL 1080p, 720p & 480p Format : mp4 Duration : 1hr & 47mins Genre : Crime, Drama Translated by Hnin Pale Encoded by Kinnov