
Big Deal (2025) **************** IMDb… 7.7 ဒီတစ်ခေါက်မှာတော့ Taxi Driver ထဲက မင်းသား Lee Je Hoon, Exhuma ထဲက မင်းသားကြီး Yoo Hae Jin နဲ့ Hansan: Rising Dragon ထဲမှ မင်းသား Son Hyun Joo တို့ အဓိကပါဝင်ထားတဲ့ စီးပွားရေးဒရာမာကားလေးကို ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်။ ဒီဇာတ်ကားလေးကတော့ ၁၉၉၇ ခုနှစ် အာရှငွေကြေးအကျပ်အတည်းကာလက ကိုရီးယားဆိုဂျူလုပ်ငန်းအကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဖြိုဂျုံရို့ (Yoo Hae Jin) က ငွေကြေးအခက်အခဲကြုံတွေ့နေတဲ့ ဂုဘိုလုပ်ငန်းစုရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး ကုမ္ပဏီကို ကယ်တင်နိုင်မယ့် အကြံပေးတစ်ယောက်ကို ရှာဖွေနေတဲ့သူပါ။ ချွဲအင်ဘုမ်း (Lee Je Hoon) ကတော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီဖြစ်တဲ့ ဆိုးလ်ကွင်းရဲ့ ရည်မှန်းချက်ကြီးတဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး ဂုဘိုလုပ်ငန်းရဲ့ စီမံခန့်ခွဲခွင့်ကို ရယူဖို့အတွက် အတိုင်ပင်ခံအဖွဲ့အဖြစ် ဟန်ဆောင်ပြီး ဖြိုဂျုံရို့ဆီကို အကြံနဲ့ ချဥ်းကပ်လာပါတော့တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ ဂုဘိုလုပ်ငန်းရဲ့ ဥက္ကဌဖြစ်သူ ဆော့ဂျင်အူ (Son Hyun Joo) ဟာ လောင်းကစားကိစ္စကြောင့် ပြည်သူတွေရဲ့ ဝေဖန်မှုကို ခံနေရပြီး ဂုဘိုလုပ်ငန်းဟာ အကြွေးပြန်မဆပ်နိုင်တဲ့ အခြေအနေထိ ရောက်လာတာကြောင့် ဒီအခွင့်အရေးကို အရယူပြီး ချွဲအင်ဘုမ်းတစ်ယောက် ဂုဘိုကုမ္ပဏီရဲ့ လျှို့ဝှက်အချက်အလက်တွေကို လှည့်ထုတ်ယူပြီးနောက် ဂုဘိုကုမ္ပဏီရဲ့ စီမံခန့်ခွဲခွင့်ကို ရယူဖို့အတွက် တရားစွဲဆိုပြီး စတင်တိုက်ခိုက်လာတဲ့အခါမှာတော့… ဖြိုဂျုံရို့နဲ့ ဂုဘိုလုပ်ငန်းစု ပြန်လည် ရုန်းထနိုင်မလား.. ဆိုးလ်ကွင်းဘက်က ကုမ္ပဏီစီမံခန့်ခွဲခွင့်ကို အရယူနိုင်သွားမလား.. ဆိုတာကို စီးပွားရေးလှည့်ကွက်များစွာနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ရှုစားကြည့်လိုက်ပါဦး။ (ဇာတ်လမ်းအညွှန်းကိုတော့ Stary မှ ရေးသားပေးထားပါတယ်ပါတယ်။) File Size :1.05GB/ 550MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:45:08 Genre : Business, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet, Stary, Miri & Hnin Wai Oo Encoded by Tiff
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.05GB | Download | |
| 1080p | 1.05GB | Download | |
| 1080p | 1.05GB | Download | |
| 1080p | 1.05GB | Download | |
| 720p | 550MB | Download | |
| 720p | 550MB | Download | |
| 720p | 550MB | Download | |
| 720p | 550MB | Download | |
| 720p | 550MB | Download |
ထုတ်လွှင့်သည့်နေ့
May 30, 2025
ကြာချိန်
1h 44m
အဆင့်သတ်မှတ်ချက်
7.7 / 10
Director