
IMDb 7.7/10 Drama မင်းသား Rajkummar Raoရဲ့ အသစ်ထွက်ရှိထားတဲ့ ရုံတင်ကားသစ်ပဲဖြစ်ပါတယ်။ 2020ခုနှစ်က တစ်ကမ္ဘာလုံးကို ကူးစက်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာရောဂါကြောင့် အားလုံးကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ထူးထူးခြားခြားအနေနဲ့ အဖြူအမဲဗားရှင်းအဖြစ် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာ ကိုရိုနာရောဂါကြောင့် လူတွေရုတ်ရုတ်သဲသဲဖြစ်နေချိန် အိန္ဒိယပြည်မှာလည်း ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အကြပ်အတည်းကာလကို ရောက်ရှိနေကြတာဖြစ်ပါတယ်။ ရောဂါတွေပျံ့နှံ့နေတဲ့ မြို့ကြီးပြကြီးနဲ့ဝေးရာ မွေးရပ်မြေကျေးလက်ဒေသကို ပြန်ရဖို့အရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ အစိုးရကတိုင်းပြည်အတွင်းမှာပဲ နယ်နိမိတ်တွေ သတ်မှတ်လိုက်ပြီး ပို့ဆောင်ဆက်သွယ်ရေးတွေကိုလည်း ပိတ်လိုက်တဲ့အတွက် အခြေခံလူတန်းစားတွေအဖို့ ကူရာကယ်ရာမရတဲ့အခြေအနေဖြစ်နေကြပါတယ်။ ရဲတပ်ဖွဲ့ကလည်း အစိုးရက အမိန့်ချမှတ်တဲ့အတိုင်း ဆောင်ရွက်ကြတာရမလို့ ရုန်းရင်းဆန်ခတ်တွေဖြစ်လာပါတော့တယ်။ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့အိမ်ပြန်ခရီး အထမြောက်ပါဦးမလား။ မွေးရပ်မြေကိုရော ပြန်ရောက်သွားကြမလား။ ဘာတွေနဲ့ရင်ဆိုင်ရဦးမလဲဆိုတာ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…1.4Gb / 680MB Quality…1080p NF WEB DL / 720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai ~ThaikSan~YH~Yunni~Cherry
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.4 MB | Download | |
| 720p | 680 MB | Download | |
| 1080p | 1.4 MB | Download | |
| 720p | 680 MB | Download |
ထုတ်လွှင့်သည့်နေ့
March 24, 2023
ကြာချိန်
1h 52m
အဆင့်သတ်မှတ်ချက်
6.1 / 10
Director
Anubhav Sinha