
Bergman Island (2021) ================= IMDb Rating – 6.7/10 Romantic Drama ကိုမှ ငြိမ့်ငြိမ့်လေးစီးမျောခံစားချင်သူတွေအတွက် IMDb rating 6.7/10 ရထားတဲ့ ဇာတ်လမ်းတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေ။ အမေရိကန်ရုပ်ရှင်ဒါရိုက်တာစုံတွဲဖြစ်တဲ့ ခရစ်နဲ့တိုနီဟာ နွေရာသီမှာ သူတို့ အလုပ်အတွက် စိတ်ကူးစိတ်သန်းတွေရှာဖွေဖို့ ဆွီဒင်နိုင်ငံက ဖော်ရိုကျွန်းကို ရောက်ရှိလာပါတယ်။ အဲဒီကျွန်းဟာ သူတို့အရမ်းကြိုက်တဲ့၊ ခေတ်အဆက် ဆက်နာမည်ကြီးဆုံး ဆွီဒင်ရုပ်ရှင်ဒါရိုက်တာကြီးတစ်ဦးအဖြစ် သတ်မှတ်ခံရသူ Ingmar Bergman နေထိုင်ခဲ့ရာနေရာဖြစ်ပြီး သူနဲ့ပတ်သက်တဲ့အမှတ်တရများစွာ ရှိတဲ့ကျွန်းတစ်ကျွန်းပါ။ စိတ်ဓာတ်တွေကျဆင်းပြီး ဇာတ်လမ်းတစ်ပုဒ်ဖန်တီးဖို့တောင် တွန့်ဆုတ်နေခဲ့တဲ့ ခရစ်တစ်ယောက် ကျွန်းအနှံ့သွားလာရင်း၊ ဘာဂမန်ရဲ့အနုပညာဈာန်၀င်စားမှုတွေကို လိုက်လံရှာဖွေရင်း ဇာတ်လမ်းတစ်ပုဒ်ရလာပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းဟာ စိတ်ကူးနဲ့ လက်တွေ့ရောထွေးနေခဲ့ပါတယ်။ အချစ်နဲ့သစ္စာတရားကြား လွန်ဆွဲမှုတွေ၊ အချစ်လား ခဏတာတပ်မက်မှုလား မဝေခွဲ နိုင်ခြင်းတွေက ဇာတ်ကောင်တွေနဲ့အတူ ကြည့်ရှုသူတွေကိုပါ တစ်သားတည်းစီးမျော ခံစားရစေမှာပါ။ အဲဒါကြောင့် ခပ်ငြိမ့်ငြိမ့်လေးနဲ့ အတွေးစတွေပွားရင်း ကြည့်ရမယ့် drama ရုပ်ရှင်မျိုးမျှော်နေတဲ့ ပရိသတ်တွေအတွက် ဒီကားလေးကို တင်ဆက်ပေးလိုက် ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(2.0 GB) / (836 MB) / (450 MB) Quality…………BluRay 1080p / 720p / 480p Duration………1Hr 52mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….C’mon Encoder……….SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080P | 2 GB | Download | |
| 1080P | 2 GB | Download | |
| 1080P | 2 GB | Download | |
| 1080P | 2 GB | Download | |
| 720P | 836 MB | Download | |
| 720P | 836 MB | Download | |
| 720P | 836 MB | Download | |
| 720P | 836 MB | Download | |
| 720P | 836 MB | Download | |
| 480P | 450 MB | Download | |
| 480P | 450 MB | Download | |
| 480P | 450 MB | Download | |
| 480P | 450 MB | Download | |
| 480P | 450 MB | Download |