
Bel Ami (2012) နှုတ်ခမ်းနီမလေးတို့ရဲ့အသည်းကျော် Twilight ဗမ်ပိုင်းယားမင်းသားအဖြစ်လူသိများပြီး လတ်တလောမှာလည်း Batman ကာရိုက်တာအဖြစ်နဲ့ အားလုံးရဲ့အာရုံကိုဖမ်းစားထားနိုင်တဲ့ ရောဘတ်ပတ်တင်ဆန်ရဲ့ ရှေးခေတ်နောက်ခံ ဒရာမာကားဟောင်းလေးတစ်ခုကို တင်ဆက်ပေးပါရစေ။ ဒီကားလေးထဲမှာ ရောဘတ်ပတ်တင်ဆန်က ဂျော့ဂ်ျစ်ဒူရွိုင်ဆိုတဲ့ ချောမောပြီး ဆွဲဆောင်မှုရှိတဲ့ ၂၆နှစ်အရွယ် ဆင်းရဲသားစစ်သားဟောင်းတစ်ဦးအဖြစ်ကနေ ပဲရစ်က လူကုံထဲအသိုင်းအဝိုင်းကြားကို တစ်စတစ်စဘယ်လိုတိုးဝင်မလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ ပဲရစ်လူကုံထံအသိုင်းအဝိုင်းမှာ ယောက်ျားတွေထက် မိန်းမတွေက လည်လည်ဝယ်ဝယ်အချက်အချာကျနေတာဟာ ဂျော့ဂ်ျစ်တစ်ယောက်အတွက် သူရဲ့နှစ်လိုဖွယ် ညှို့ဓာတ်ကို ကောင်းကောင်းအသုံးချစရာဖြစ်လာခဲ့တယ်။ သူဟာ ခြစ်ကုပ်နေထိုင်ရတဲ့ မီးရထားဝန်ထမ်းဘဝကနေ စာနယ်ဇင်းအယ်ဒီတာ၊ အတင်းအဖျင်းတို့ရဲ့ဥက္ကဌ၊ နိုင်ငံရေးသမားဆိုတဲ့ ရာထူးဂုဏ်သိမ်တွေကို စာကောင်းကောင်းလည်း မတတ်ပါဘဲနဲ့ ဘယ်လိုရောက်လာခဲ့လဲ… ဘယ်သူတွေကို ဘယ်လိုအသုံးချပြီး ဘယ််သူတွေဆီက ဘယ်လိုသတင်းတွေကိုရယူခဲ့လဲ… ဘယ်လိုအတက်အကျတွေ ရင်ဆိုင်ခဲ့ရလဲ… ဘယ်အမျိုးသမီးကို တကယ်ချစ်လျက်နဲ့ ဘယ်သူတွေနားပဲဝဲခဲ့ရလဲ… အစရှိတာတွေကို စောင့်စားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ တစ်ခုထူးတာက ဒီကားထဲမှာ Cast ကြမ်းကြမ်းဆိုလို့ ရောဘတ်ပတ်တင်ဆန်တစ်ယောက်တည်းတင်မဟုတ်ဘဲ Kill Bill, Pulp Fiction တို့နဲ့ လူတိုင်းသိကြမယ့် Uma Thurman အပြင် Original Wednesday Addams နေရာကနေသရုပ်ဆောင်ခဲ့တဲ့ Christina Ricci ကိုပါ ရှူစားကြရဦးမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 555MB Quality – 1080p, 720p IMDb Rating – 5.4/10 Format – mp4 Duration – 1H 55Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Jina Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.3GB | Download | |
| 1080p | 1.3GB | Download | |
| 1080p | 1.3GB | Download | |
| 1080p | 1.3GB | Download | |
| 720p | 555MB | Download | |
| 720p | 555MB | Download | |
| 720p | 555MB | Download | |
| 720p | 555MB | Download | |
| 720p | 555MB | Download | |
| 720p | 555MB | Download |