
တလမ်းထဲအတူနေ အတူတူကစားရင်း အတူတူကြီးလာတဲ့ အိမ်နီးချင်း မိန်းကလေးတယောက်ကို ကြိတ်ကြွေခဲ့ဖူးလား။ ရာဂျ်ကူမားရောဝ်နဲ့ ရူရ်သီးဟာစန်ရဲ့ Behen Hogi Teri ရုပ်ရှင်ဟာ မျက်နှာချင်းဆိုင် တလမ်းထဲအတူနေကြတဲ့ Gattu နဲ့ Binnyတို့ အိမ်နီးချင်း ငယ်သူငယ်ချင်းနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ဟာသနှောပြီး ဖန်တီးထားတာဖြစ်ပါတယ်။ Gattu က သူနဲ့ အတူကြီးပြင်းလာတဲ့ Binnyကို ချစ်နေပေမဲ့မပြောရဲလို့ ညီမလေးလို စောင့်ရှောက်ပြီး တနေ့ကျရင်တော့Binny ကို ဖွင့်ပြောပြီး လက်ထပ်မယ်လို့ စိတ်ကူးထားတယ်။ ဒါမဲ့ Binny နဲ့ Gattu ရဲ့ မိဘအသိုင်းအဝန်းကတော့ သူတို့ကိုမောင်နှမလိုပဲ သတ်မှတ်ထားကြပြီး အသီးသီးအိမ်ထောင်ပြုကြဖို့ တိုက်တွန်းကြတယ်။ တနေ့ Gattu အရဲစွန့်ပြီးBinny ကို ဖွင့်ပြောလိုက်ပေမဲ့ Binny မိဘတွေက တခြားကောင်လေးတယောက်နဲ့ စေ့စပ်ပြီး လက်ထပ်ဖို့စီစဉ်နေကြပါပြီ။ ဒီလိုအခြေအနေမှာ Binny ကိုရဖို့Gattu ဘယ်လို ကြံစည်မှာလဲ။ Binny ကကော Gattu ကို အကိုတယောက်လိုပဲ သဘောထားတာလား။ တသက်လုံး သူတိူ့ကို မောင်နှတွေလို မြင်လာတဲ့ မိဘအသိုင်းအဝန်းကကော လက်ခံပါ့မလားဆိုတာကိုတော့ ဇာတ်ကားကြည့်ရင်း ဆက်လက်ခံစားနိုင်ပါတယ်။ ဘာသာပြန်ကတော့ Intelligenceနဲ့ Thaik Sanပဲ ဖြစ်ပါတယ်။
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.8 GB | Download | |
| 720p | 950 MB | Download | |
| 1080p | 1.8 GB | Download | |
| 720p | 950 MB | Download |