
ဒီကားကိုတော့ ဒါရိုက်တာ Jason Bourque ကရိုက်ကူးထားပြီး Alexa PenaVega, Jaeda Lily Miller, Miranda Edwards တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဆိုဖီ နဲ့ သမီးဖြစ်သူအမ်မလီတို့ဟာ ဆိုဖီ့အရင်ယောက်ျားဖြစ်တဲ့ မေဆန်ရဲ့ပြစ်မှုတွေကြောင့် သက်သေကာကွယ်ရေးအစီအစဉ်နဲ့ နာမည်ပြောင်းပြီး နေထိုင်နေရတဲ့မိသားစုပါ။ ဆိုဖီ့မှာ ချစ်သူအသစ်ရနေပေမယ့် အန္တရာယ်ရှိနေတဲ့အတိတ်ကြောင့် လက်ထပ်ဖို့အထိ မလုပ်နိုင်ပါဘူး။ မြို့ငယ်လေးမှာ ချစ်သူသစ်အပြင် မိတ်ဆွေသစ်ဖြစ်တဲ့ အမန်ဒါတို့ မိသားစုပါရှိနေပြီး ပျော်ရွှင်ဖွယ်ဘဝသစ်ကို ဖြတ်သန်းနေတဲ့ ဆိုဖီ့အတွက် သတင်းဆိုးတစ်ခုရှိလာခဲ့ပါတယ်။ မေဆန်ဟာ ထောင်ဖောက်ပြေးလာခဲ့ပြီး သူတို့ကိုလိုက်ရှာနေခဲ့တာပါ။ ဖုံးကွယ်ထားတဲ့လိပ်စာအထိ မေဆန်ကလိုက်လာတဲ့အခါမှာ FBI မှာလည်း သူလျှိုရှိနေတယ်လို့ သံသယဝင်လာခဲ့ပါတယ်။ ကိုယ်တိုင်လည်း အထူးတပ်ဖွဲ့ဝင်ဟောင်းဖြစ်ခဲ့တဲ့ ဆိုဖီဟာ အရင်ယောက်ျားရဲ့ရန်ကနေ သမီးနဲ့ ချစ်ရသူမိတ်ဆွေတွေကို ဘယ်လိုကာကွယ်သွားမလဲ။ ရဲသူလျှိုကရော ဘယ်သူဖြစ်နေမလဲ… သူတို့အဆုံးထိလွတ်မြောက်နိုင်မှာလား… ဒါတွေကို ဇာတ်ကားကြည့်ရှုရင်း အဖြေရှာရမှာပါ။ File Size… (1.21 GB) / (649 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 30m Genre ….Drama Subtitle….Myanmar Subtitle (Hard Sub)
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.21 GB | Download | |
| 1080p | 1.21 GB | Download | |
| 1080p | 1.21 GB | Download | |
| 1080p | 1.21 GB | Download | |
| 720p | 649 MB | Download | |
| 720p | 649 MB | Download | |
| 720p | 649 MB | Download | |
| 720p | 649 MB | Download | |
| 720p | 649 MB | Download |