
The Cleaner (2023) IMDb Rating (7.8) နာမည်ကျော် Crime drama series တွေဖြစ်တဲ့ The Cleaner တို့ The Cleaning Ladyတို့နဲ့ plotခပ်ဆင်ဆင် ထိုင်းမူဘီလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ မကြာသေးခင်က ဇာတ်သိမ်းသွားတဲ့ အချစ်ရဆုံးချစ်သူဇာတ်လမ်းတွဲထဲက ဗိုလ်ကလေးခွန်ချတ်နေရာက သရုပ်ဆောင်ခဲ့တဲ့ Mean Phiravichကို main leadအဖြစ်နဲ့ မြင်တွေ့ရမယ့် ဇာတ်ကားကောင်းလေးဖြစ်လို့ အခုပဲ ရှုစားလိုက်ရအောင်ပါ။ သာမန်လူအနေနဲ့တော့ သေခြင်းတရားဆိုတာ မှောင်မိုက်နက်ရှိုင်းပြီး မှန်းဆမရတဲ့အရာဆိုပေမဲ့ အလောင်းဖျောက်တဲ့သူအတွက်တော့ သေခြင်းတရားဆိုတာ ပျောက် ကွယ်သွားတာသက်သက်ပဲတဲ့။ မတရားမှုတွေ လုပ်နေတာကို ရပ်ကြည့်မနေနိုင်တဲ့ သူနာပြုအကူဝေးတစ်ယောက် ဆေးရုံရဲ့ ဆေးဝါးမသမာမှုပရောဂျက်အကြောင်းကို လိုင်းပေါ်တင်လိုက်ရာကနေ လက်ရှိအလုပ်လည်းပြုတ်ပြီး ဆေးလောကရဲ့ဘလက်လစ်တင်တာပါခံလိုက်ရပါတယ်။ ဒီလိုနဲ့ အလုပ်သစ်ရှာနေတုန်းမှာ ကြေးစားတစ်ယောက်က အလောင်းရှင်းလင်းရေးအလုပ်အတွက်ကမ်းလှမ်းလာခဲ့ပြီး သူပထမဆုံးရှင်းရတဲ့အလောင်းကတော့ သူ့ကို အလုပ်ဖြုတ်ခဲ့တဲ့ ဆေးရုံပိုင်ရှင်ရဲ့သားပါပဲ။ ဒါပေမဲ့ လူတွေသိထားကြတဲ့ သာမန်ဘဝကဝေးဆိုတာကတော့ ဘာလာလာပြင်တတ်တဲ့ တောက်တိုမယ်ရ အိမ်တော်ထိန်းဝေးပါပဲ။ ဘာပဲပျက်ပျက် တစ်ရုံးလုံးက လာလာပြင်ခိုင်းနေတဲ့ ခိုင်းဖတ်လေးဝေးဖြစ်နေတာပေါ့။ ဒီလို လာလာအကူအညီတောင်းတဲ့ထဲ ဖိုင်ဆိုတဲ့ကောင်မလေးလည်းအပါအဝင်ပေါ့။ သူ့ရဲ့လက်ရှိအလုပ်နဲ့ အချစ်ရေးဟာ ပြဒါးတစ်လမ်း သံတစ်လမ်းဆိုပေမဲ့ ဝေးတစ်ယောက် ဖိုင်နဲ့အချစ်ခရီးကို ရှေ့ဆက်ဖို့ရွေးချယ်လိုက်ရာကနေ ပြဿနာတွေတက်လာ ချိန်မှာတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mary Christ ဖြစ်ပါတယ်။) File size…(1.7 GB) / (710 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Crime,Drama,Thriller,TV Movie Duration….01:27:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Mary Christ
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.7 GB | Download | |
| 1080p | 1.7 GB | Download | |
| 1080p | 1.7 GB | Download | |
| 1080p | 1.7 GB | Download | |
| 720p | 710 MB | Download | |
| 720p | 710 MB | Download | |
| 720p | 710 MB | Download | |
| 720p | 710 MB | Download | |
| 720p | 710 MB | Download | |
| 720p | 710 MB | Download |