
သမီးတွေက ဖအေချစ် သားတွေက မအေချစ်လို့ပြောကြပေမယ့် တကယ်တော့ အဖေလုပ်သူတိုင်းက သားဦးလေးကိုပဲလိုချင်တာများပါတယ် ဘာကြောင့်ရယ်မသိ စစချင်းကလေးဘဝမှာ အဖေတွေက သားတွေကိုသိပ်တန်ဖိုးထား သိပ်ချစ်ပါတယ် နောက်မှသာ... အရွယ်ရောက်လာတဲ့သားနဲ့ အဖေနဲ့ မတည့်ကြတော့တာမဟုတ်လား Beautiful Boyဆိုတာကလဲ သားနဲ့ ဖအေကြားက မေတ္တာကိုပြသတဲ့ကားတစ်ကားပါ သားလုပ်သူ မူးယစ်ဆေးနွံထဲ နစ်နေချိန် အဖေကတတ်စွမ်းသလောက် ဆွဲထုတ်ပေးတဲ့ကားပါ ဇာတ်လမ်းကတော့ဒါလေးပါပဲ... ထပ်ပြီး ပြောချင်မိတာက သူတို့နိုင်ငံက သားသမီးအပေါ်ဆက်ဆံတဲ့ ဆက်ဆံရေးပါ သူတို့ရဲ့ဆုံးမမှုတွေက ပြောရရင် အာဆီယံမိဘတွေနဲ့ကွာပါတယ် ထစ်ခနဲဆို အရင်ရိုက် နောက်မှချော့ဆိုတဲ့ထုံးကို သူတို့ မသုံးပါဘူး နားလည်လွယ်အောင်ရှင်းပြတယ် လမ်းပြတယ်နောက်ဆုံး ပြောမရရင်လျစ်လျူရှုလိုက်တယ် ဒါပေမယ့်လဲ တောင်းဆိုးပလုံးဆိုးကိုသာပစ်ရိုးထုံးစံရှိမယ် သားဆိုးသမီးဆိုးကို ပစ်ရိုးမရှိဆိုတဲ့အတိုင်း ဒီကားမှာလဲ သားအတွက်ကြိုးစားပေးတဲ့ အဖေလုပ်သူ ဒေးဗစ်ရှက်ဖ်ကိုမြင်ရပါလိမ့်မယ် ဘာပဲပြောပြောပါ ကျွန်တော်ကတော့ ဒေးဗစ်ရှက်ဖ်လို ဖခင်မျိုးကို သိပ်သဘောကျပါတယ် သားနဲ့ သူငယ်ချင်းလိုပေါင်းတယ် သားကို နားလည်အောင်ပြောတယ် သားနဲ့အတူတူ weedပါလိုက်သောက်ရင်း အချိန်ပေးခဲ့ပါတယ်... ဆိုတော့ တစ်နေ့မိဘနေရာရောက်လာမယ့်သူတွေ ကြည့်သင့်တယ်လို့ ထင်ပါတယ် အရင်ရိုက်နောက်မှချော့ ဆိုတာကြီးကို ပြောင်းလဲသင့်ပြီမဟုတ်လား... ကျွန်တော်sithuကencodeပြီး ကိုWai Zinမှခံစားတင်ဆက်ပေးထားပါတယ် encoderအနေနဲ့ထပ်ဖြည့်စွက်ပြောချင်တာကဒီကားက မိဘနေရာရောက်မယ့်လူတွေဖြစ်တဲ့ဆယ်ကျော်သက်တစ်ယောက်အနေနဲ့ မဖြစ်မနေမြည်းစမ်းကြည့်သင့်ပါတယ် နောင်တမရစေရပါဘူး ဘဝတစ်ခုလုံးအတွက်အမြင်တချို့ပါပြောင်းသွားနိုင်ပါတယ် အဆင်ပြေကြပါစေဗျာ
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download |
ထုတ်လွှင့်သည့်နေ့
October 12, 2018
ကြာချိန်
2h 1m
အဆင့်သတ်မှတ်ချက်
7.6 / 10
Director
Felix van Groeningen