
Beautiful Audrey (2024) ********************** IMDb… 8.3 ဘယ်ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာပဲဖြစ်ဖြစ် တတ်နိုင်သမျှ လူတိုင်းကို တန်းတူညီမျှ ဆက်ဆံပေးနိုင်ဖို့လိုပါတယ်။ အထူးသဖြင့် သားသမီးတစ်ယောက်နဲ့အထက် မွေးထားတဲ့ မိသားစုတွေမှာပေါ့။ ဒီဇာတ်ကားလေးမှာလည်း ဒီလိုပါပဲ။ မိခင်ဖြစ်သူ အိုမီယွန်းမှာ သားဖြစ်သူ ဂန်ဂီဟွန်း နဲ့ သမီးဖြစ်သူ ဂန်ဂျီအွန်းဆိုပြီး သားသမီးနှစ်ယောက်ရှိတယ်။ ပညာရေးမှာလည်း ထူးချွန်ထက်မြက်သလို သားကြီးဩရသလည်းဖြစ်တဲ့ ဂီဟွန်းကို မိခင်ဖြစ်သူက သည်းသည်းလှုပ်ပဲပေါ့။ မောင်နှမနှစ်ယောက်ကို တမင်ခွဲခြားဆက်ဆံတာတော့မဟုတ်ပေမဲ့ ကိုယ်ကိုယ်တိုင်တောင် သတိမထားမိလိုက်ဘဲ အရာရာ သားဖြစ်သူကိုပဲ ဦးစားပေးမိတဲ့အခါ သမီးငယ် ဂျီအွန်းရဲ့ စိတ်ထဲမှာ “မိသားစုက သူ့အစ်ကိုကိုပဲဦးစားပေးတယ်” ဆိုတဲ့ စိတ်ဒဏ်ရာက တစ်စတစ်စ ကြီးထွားလာပါတော့တယ်။ ဒီလိုနဲ့ အရွယ်လေးရောက်လာကြတော့ အစ်ကိုဖြစ်တဲ့ ဂီဟွန်းက အမေနဲ့အတူတူ မွေးရပ်မြေမှာ ခေါက်ဆွဲဆိုင်လေးဖွင့်ထားပေမဲ့ ဂျီအွန်းကတော့ ဝါသနာပါရာ အိုင်ဒေါအလုပ်ကိုလုပ်ဖို့ အိမ်ကနေထွက်သွားပြီး မိသားစုကိုပါ သံယောဇဥ်ဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ တစ်ရက်ကျ မိခင်ဖြစ်သူ အိုမီယွန်းတစ်ယောက် အယ်ဇိုင်းမားဆိုတဲ့ မှတ်ဉာဏ်တွေ ဆုံးရှုံးရတဲ့ ဝေဒနာဆိုးကြီးကို ခံစားလိုက်ရတဲ့အခါမှာ ..။ Wanna One ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်သလို သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်လှတာကြောင့် Weak Hero Class, Love Song for Illusion, Flower Crew: Joseon Marriage Agency စတဲ့ ဇာတ်ကားကောင်းတွေမှာပါဝင်ခွင့်ရရှိပြီး အောင်မြင်မှုတွေရရှိထားတဲ့ Park Ji Hoon ရဲ့ နောက်ထပ်ဇာတ်ကားကောင်းလေးလည်းဖြစ်ပါတယ်။ တခြား main cast တွေအနေနဲ့ မင်းသမီးကြီး Kim Jung Nan နဲ့ Kim Bo Young တို့ကလည်း အဓိက ပါဝင်သရုပ်ဆောင်ပေးထားတာမို့ ဒရာမာချစ်သူတွေ တစ်ရှူးဆောင်ပြီးကြည့်သင့်တဲ့ ကားကောင်းလေးပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Lai Laii မှ ရေးသားထားပေးပါတယ်။) File Size : 1.08GB/ 530MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:41:31 Genre : Life, Drama, Family Subtitle : Myanmar Subtitle (Hard Sub) Translated by Lai Laii & Yati Naing Encoded by Tiff
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.08GB | Download | |
| 1080p | 1.08GB | Download | |
| 1080p | 1.08GB | Download | |
| 1080p | 1.08GB | Download | |
| 720p | 530MB | Download | |
| 720p | 530MB | Download | |
| 720p | 530MB | Download | |
| 720p | 530MB | Download | |
| 720p | 530MB | Download |
ထုတ်လွှင့်သည့်နေ့
October 24, 2024
ကြာချိန်
1h 40m
အဆင့်သတ်မှတ်ချက်
8.3 / 10
Director
Lee Young-kook