
ဒီနာမည်ကို တွေ့လိုက်တာနဲ့ 2017 တုန်းက နာမည်ကျော်ခဲ့တဲ့ ထိုင်းရုပ်ရှင်ကို သတိရမိကြမှာပါ။ ဒါဆို မှန်ပါတယ်။ အဲဒီရုပ်ရှင်ကို အမေရိကန်ဗားရှင်းအဖြစ် ပြန်ရိုက်ထားတာပါ။ အဲဒီရုပ်ရှင်နဲ့ အားလုံးနီးပါးတူပေမဲ့ ကြည့်လို့ကောင်းပါတယ်။ ဒါရိုက်တာကလည်း How to Get Away with Murder ရဲ့ ဇာတ်ညွှန်းဆရာ J.C. Lee ဆိုတော့ ဒီလိုအမျိုးအစားတွေ ပိုင်ပါတယ်။ မင်းသမီးကလည်း Foundation စီးရီးနဲ့ နာမည်ကျော်လာတဲ့ Callina Liang ဖြစ်ပြီး မူလ ထိုင်းမင်းသမီး Chutimon Chuengcharoensukying နဲ့ ခပ်ဆင်ဆင်ဖြစ်သလို သရုပ်ဆောင်လည်း ကောင်းတာကြောင့် မူရင်းရုပ်ရှင်ကို မီတဲ့ရုပ်ရှင်ကောင်းတစ်ခု ဖြစ်လာခဲ့ပါပြီ။ ဇာတ်လမ်းအကျဉ်း *************** လင်းဟာ ဆင်းရဲတဲ့ အဖေတစ်ယောက်ရဲ့ သမီးဖြစ်ပြီး ဉာဏ်အရမ်းကောင်း စာအရမ်းတော်တာကြောင့် သူဌေးသားသမီးတွေ တက်တဲ့ အကောင်းဆုံးကျောင်းတစ်ခုမှာ ပညာသင်ဆုရထားပါတယ်။ အဲဒီကျောင်းမှာ သူ့သူငယ်ချင်း သူဌေးသမီးကို စာပြပေးဖို့ကြိုးစားပေမဲ့ ဘယ်လိုမှ စာရမလာတာကြောင့် စာခိုးချဖို့ ကူညီပေးလိုက်မိပါတယ်။ အဲဒီကနေ ကျောင်းသားတွေအကြား နာမည်ကျော်လာပြီး ငွေပမာဏ တစ်ခုနဲ့ စာတွေ ခိုးချပေးတဲ့အလုပ်ကိုလုပ်မိလာပါတယ်။ ဒီလိုနဲ့ ဘဝအဆုံးဖြတ်ဖြစ်မဲ့ S.A.T စာမေးပွဲအပြီးမှာ တက္ကသိုလ်တတ်နိုင်ဖို့ ကြံရာမရဖြစ်လာတာကြောင့် အရမ်းကို လုံခြုံရေးကြပ်တဲ့ S.A.T စာမေးပွဲ ဒေါ်လာ သိန်းနဲ့ချီတဲ့ ပမာဏကို လက်ခံပြီး ကျောင်းသား အုပ်လိုက်ကြီးကို စာခိုးချဖို့အတွက် အစီအစဉ်ကြီးတစ်ခုကို ဉာဏ်ကြီးရှင်ပီပီစီစဉ်ပါတော့တယ်။ အဲဒီဇာတ်ကြောင်းကိုပဲ ဘာဆက်ဖြစ်မလဲ ရင်တမမနဲ့ ကြည့်ရမှာပါ။ မူရင်းရုပ်ရှင်မကြည့်ဖူးသေးသူတွေအတွက် ပိုပြီးခံစားလို့ကောင်းသလို ကြည့်ဖူးပြီးသားသူတွေလည်း အမြင်သစ်လေးနဲ့ကြည့်လို့ကောင်းမှာပါ။ File size…1.01GB / 601MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 36m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p HEVC | 1.01GB | Download | |
| 1080p HEVC | 1.01GB | Download | |
| 1080p HEVC | 1.01GB | Download | |
| 1080p HEVC | 1.01GB | Download | |
| 720p | 601MB | Download | |
| 720p | 601MB | Download | |
| 720p | 601MB | Download | |
| 720p | 601MB | Download | |
| 720p | 601MB | Download | |
| 720p | 601MB | Download |