
ဦးTom Hanksကြီးဟာ အခုမှသာ ဒရာမာကားတွေ လူတွေငိုစေတဲ့ကားတွေ ရိုက်နေတာ သူ ငယ်စဉ်အချိန်တွေတုန်းကတော့ လူငယ်ဆန်ဆန်ကားလေးတွေနဲ့ပဲ စခဲ့ရတာဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ်ကထွက်ခဲ့တဲ့ ဒီကားလေးဟာ 80s အနောက်ပိုင်းသား ဗရုတ်များရဲ့ နေထိုင်ပြောဆိုပုံတွေကို ကွက်ကွက်ကွင်းကွင်း တင်ဆက်ထားပါတယ်... ရစ်ခ်ဟာ ကျောင်းကားလေးကို အငှားမောင်းသူတစ်ယောက်ဖြစ်ပြီး ဘဝကို ပေါ့ပေါ့တန်တန် ဖြတ်သန်းသူပါ ဒါပေမဲ့ သူ့ချစ်သူကတော့ ဂုဏ်သရေရှိ သူဌေးသမီး တစ်ယောက်ဖြစ်တဲ့ အလျောက် ယောက္ခထီးက သဘောမတူသလို သူ့ထက်အရာရာသာတဲ့ ကောင်မလေးရဲ့ ရည်းစားဟောင်းကလည်း ပြိုင်ဘက် အဖြစ် ရှိနေပါတယ် သူတို့ ၂ဦး လက်ထပ်တော့မယ့်အကြောင်း ရစ်ခ် တစ်ယောက် ချစ်ရတဲ့သူငယ်ချင်းတွေကို ပြောပြလိုက်တဲ့အခါ သူတို့က ရစ်ခ်အတွက် လူပျိုညပါတီကို စီစဉ်ပေးကြပါတော့တယ်... မိုင်ကုန်ကဲကြမယ်ပေါ့ ကဲကြတယ်ဆိုတဲ့အတိုင်း မိန်းမ မရခင် သောက်ကြ၊ စားကြ၊ ဆေးချကြ၊ မိန်းမပျက်တွေနဲ့ ပျော်ပါးကြပေါ့။ အနောက်တိုင်းသားများအတွက်တော့ လူပျိုည ပါတီမှာ ညဥ့်ငှက်လေးတွေနဲ့ ပျော်ပါးတာဟာ ထုံးစံတစ်ခုလိုကို ဖြစ်နေတတ်ပါတယ် သူငယ်ချင်းတွေရဲ့ တိုက်တွန်းမှုနဲ့ ရစ်ခ်ခမျာ အားနာနာနဲ့ပဲ လက်မထပ်ခင် တခြားမိန်းမနဲ့ အိပ်တဲ့ဓလေ့ကို ဆင်နွှဲလိုက်လေမလား ဆိုတာကို အခုလို ဆောင်းရာသီလေးမှာ ခေတ်ဟောင်းကားလေးတစ်ကားကို ခပ်မြူးမြူးလေးကြည့်ချင်တယ်ဆိုရင်တော့ Bachelor Party ကိုညွှန်းပါရစေ။ File size…(2.2 GB)/(970 MB) Quality….BluRay HEVC 1080p / 720p Format…mkv/mp4 Duration….01:45:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mugiwara Ya
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.2GB | Download | |
| 720p | 970MB | Download | |
| 1080p | 2.2GB | Download | |
| 720p | 970MB | Download |
ထုတ်လွှင့်သည့်နေ့
June 29, 1984
ကြာချိန်
1h 45m
အဆင့်သတ်မှတ်ချက်
6.3 / 10
Director
Neal Israel