
ဒီကားလေးကတော့ ရိုးရိုးလေးပါပဲ။ 1980 ခုနှစ်လောက်က အာဂျင်တီးနားနိုင်ငံကို စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ အဲဒီအချိန်အတွင်းမှာပဲ ဘဏ်လုပ်ငန်းရှင် ကီးစ်ဆိုသူဟာ ဘွာနိုးဆိုင်းရက်စ်မြို့ကနေ ရုတ်တရက် ပျောက်သွားခဲ့ပါတယ်။ ကီးစ်ရဲ့အလုပ်တွေကို ဆက်လုပ်ပေးဖို့ သူ့ရဲ့တွဲဖက်ဖြစ်သူ ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင် အီဗန်ဟာ အာဂျင်တီးနားနိုင်ငံကို ဇနီးဖြစ်သူနဲ့အတူ ရောက်လာခဲ့တယ်။ ကီးစ်ရဲ့အလုပ်တွေကို ဆက်လုပ်ပေးမဲ့ အီဗန်ရဲ့ စီးပွားရေးဆိုင်ရာ ကြိုးပမ်းမှုတွေကို အေးအေးဆေးဆေးလေးပဲ လိုက်ပါခံစားရမှာပါ။ ဒီကားထဲမှာဆိုရင် နိုင်ငံရေးစကားဝိုင်းတချို့တွေ့ရမယ်၊ စီးပွားရေးကိစ္စ ပြောဆိုတာတွေ တွေ့ရမယ်၊ ဇာတ်လမ်းရဲ့ ရည်ရွယ်ချက်ကိုတော့ ကိုယ်တိုင်ပဲ ဇာတ်လမ်းထဲမှာ ရှာရပါလိမ့်မယ်။ လှုပ်လှုပ်ရှားရှားနဲ့ အက်ရှင်တွေပါမှ ကြိုက်တတ်တဲ့လူတွေအတွက်တော့ အဆင်မပြေလောက်ပါဘူး။ Rating အနေနဲ့ကတော့ IMDB မှာ 6.6 အထိရရှိထားပြီး Rotten Tomatoes မှာတော့ 100% အပြည့်ရရှိထားပါတယ်။ (ဇာတ်လမ်းအညွန်းနဲ့ ဘာသာပြန်ကတော့ Jumper Neysman ပါ။) File Size : 1.4GB, 620MB & 303MB Quality : 1080p Blu-ray, 720p Blu-ray & 480p Format : mp4 Duration : 1hr & 40mins Genre : Drama, Thriller Translated by Jumper Neysman Encoded by Kinnov