
ဘယ်လောက်မှောင်မိုက်တဲ့ညတစ်ည ဖြစ်ပါစေ အာရုဏ်တက်မနက်ခင်း ရောင်နီပျိုးချိန်ဆိုတာ ရောက်လာမှာပါပဲ၊ ဒါပေမဲ့ ဘဝပေးအခြေအနေအရ အဲ့ဒါတွေကို မမြင်ရတဲ့ စိတ်ပိုင်း/ကျန်းမာရေး/ကိုယ်ခန္ဓာပိုင်းဆိုင်ရာ တစ်ခုခုချို့ယွင်းတဲ့လူတစ်ယောက်ဖြစ်နေမယ်ဆိုရင်ရော... "ကျွယ်ရှောင်"ဟာ မိဘမဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီး ငယ်စဉ်တည်းက မိခင်ရဲ့စွန့်ပစ်သွားမှုကြောင့် စိတ်ပိုင်းဆိုင်ရာဝေဒနာရရှိနေသူ ဖြစ်တယ်လို့ဆိုပြီး သူမကိုမွေးစားပျိုးထောင်ခဲ့တဲ့ဒေါ်လေးဖြစ်သူဟာ သူမကို စိတ်ကျန်းမာရေးစင်တာကို ပို့ထားခဲ့ပါတယ်။ ဒီလိုနဲ့ သူမဘဝကို ဝေဒနာတွေကကာရန်လွှမ်းခြုံထားတဲ့အချိန်၊ ခိုကိုးရာမဲ့နေချိန် ဆေးရုံမှာ "သိုက်ချွမ်း"နဲ့ တွေ့ဆုံခဲ့ရပါတော့တယ်။ "သိုက်ချွမ်း"ဟာလည်း ထိုနည်းတူ စိတ်ရောဂါ ခံစားနေရသူဖြစ်ပြီး "ကျွယ်ရှောင်"ရဲ့မိခင်ဖြစ်သူဟာ ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ မျှော်လင့်ချက်မဲ့စကားတွေ စိတ်ထဲရိုက်သွင်းနေတဲ့လူတွေကြားထဲမှာ ပထမဆုံးသော သူမကိုယုံကြည်ကူညီပေးခဲ့တဲ့သူ၊သူမနှလုံးသားရဲ့ တစ်ခုတည်းသော အလင်းရောင်ဖြစ်ခဲ့ပါတယ်... ဒါပေမဲ့ နှလုံးသားချင်းဆက်ပြီး အချင်းချင်း မေတ္တာမျှပေမဲ့လဲ လက်တွေ့ဘဝရဲ့လောကဓံစမ်းသပ်မှုကို ရင်ဆိုင်ဖို့ဖြစ်လာခဲ့တဲ့အခါ... -ပြီးပြည့်စုံတဲ့ လူရယ်ဆိုတာမရှိပေမဲ့၊လိုအပ်ချက်ဆိုတာရှိပေမဲ့၊ ကံကြမ္မာချို့ယွင်းချက်တွေ ရှိနေတဲ့သူတို့နှစ်ယောက်ရဲ့ လက်တွေ့ဘဝအဆုံးသတ်က ဘာဖြစ်မလဲဆိုတာကို... CM ပရိတ်သတ်တို့ကြည့်ရှုခံစားနိုင်ရန် ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by LK
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download |