
Are You There God? It’s Me, Margaret. (2023) ~ IMDb – 7.8/10, Rotten Tomatoes – 99% ~ ဒီရုပ်ရှင်လေးကတော့ Anne with an E လိုမျိုး မြီးကောင်ပေါက်လေးတွေရဲ့ ခံစားချက်နဲ့ ဇာတ်လမ်းလေးတွေကို ချစ်စရာရိုက်ကူးထားတဲ့ Coming of Age အမျိုးအစားပါပဲ။ ဒီနာမည်နဲ့ပဲ မူရင်းဝတ္ထုဟာ 1970 မှာ စာရေးဆရာ Judy Blume ကရေးသားခဲ့ပြီး ၁၉၂၃ နောက်ပိုင်း အကောင်းဆုံး စာအုပ် ၁၀၀ ထဲမှာ အပါအဝင်အဖြစ် တိုင်းမ်မဂ္ဂဇင်းက ၂၀၁၀မှာဖော်ပြခဲ့ပါတယ်။ ကလေးတွေအတွက် အကောင်းဆုံး စာအုပ် ၁၀၀ စာရင်းထဲမှာလည်း အပါအဝင်ပါပဲ။ ဒီဝတ္ထုကိုပဲ ခြေခံပြီး ဒါရိုက်တာ Kelly Fremon Craig က ဇာတ်ညွန်းခွဲ ရိုက်ကူးခဲ့တာပါ။ အဓိကမင်းသမီးလေး မာဂရက် အဖြစ် Ant-Man ရဲ့သမီး ကတ်ဆီ ငယ်ငယ်တုန်းက နေရာကနေ ပါဝင်ခဲ့တဲ့ Abby Ryder Fortson က သရုပ်ဆောင်ထားသလို မာဂရက်ရဲ့ မိခင်နေရာကတော့ ဒေါက်တာစထရိန့်ရဲ့ အချစ်ဆုံး ခရစ္စတင်းဖြစ်ခဲ့တဲ့ Rachel McAdams ပါ။ မာဂရက်ရဲ့ သူငယ်ချင်း နန်စီကတော့ Stranger Things ထဲက ရဲမှူးကြီးရဲ့ သမီးဖြစ်ခဲ့တဲ့ Elle Graham ပါပဲ။ ~ ဇာတ်လမ်းအကျဉ်း ~ မာဂရက်ဟာ ဂျူးအဖေ ခရစ်ယာန်အမေကနေ မွေးဖွားလာသူဖြစ်ပြီး မိဘတွေက ဘာသာမဲ့အဖြစ်ပဲထားထားပြီး အရွယ်ရောက်လာမှ ကိုယ်ပိုင်ဘာသာရွေးချယ်ခွင့်ပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် ဘာသာတရားတွေကို သူ့ဘာသာ လေ့လာဆဲ စဉ်းစားဆဲပါပဲ။ သူတို့မိသားစု နယူးယောက်ကနေ နယူးဂျာဆီကို ပြောင်းလာပြီး ၆ တန်းမှာ ရွယ်တူ သူငယ်ချင်းတွေနဲ့ မိန်းကလေး ယောက်ျားလေးသဘာဝ ချစ်စရာ ဖြစ်ပျက်ပုံလေးတွေကို အခြေခံထားတာပါ။ ရင်သားတွေကြီးလာဖို့၊ ဘရာတွေအကြောင်းပြောဖို့၊ ဓမ္မတာလာတာရဲ့ ထူးဆန်းမှုတွေ၊ ကောင်လေးတွေအကြောင်းတွေ စသဖြင့် ကလေးဘဝကနေ အရွယ်ရောက်လာတဲ့မိန်းကလေးတွေရဲ့ အတွေးတွေနဲ့ စူးစမ်းမှုလေးတွေကို ပြထားတာမို့ မြီးကောင်ပေါက်ရုပ်ရှင်ကောင်းလေးတစ်ခုအဖြစ် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 800MB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 1H 46Min Genre – Comedy, Drama, Family Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.8GB | Download | |
| 1080p | 1.8GB | Download | |
| 1080p | 1.8GB | Download | |
| 1080p | 1.8GB | Download | |
| 720p | 800MB | Download | |
| 720p | 800MB | Download | |
| 720p | 800MB | Download | |
| 720p | 800MB | Download | |
| 720p | 800MB | Download | |
| 720p | 800MB | Download |