
IMDb...7.2,,,,Rotten...89% ရေခဲပြင်ပတ်လည်ဝိုင်းနေတဲ့နေရာမှာ လူတစ်ယောက်ဟာရေခဲထဲကငါးတွေဖမ်းလိုက် အချက်ပြစက်ကိုလှည့်လိုက် ရေခဲတောထဲကနေ မြေသားတွေတူးထုတ်လိုက်နဲ့ အလုပ်ရှုပ်နေတယ် .... သူမြေကြီးတွေတူးပြီးရေးနေတာက SOS ဆိုတဲ့ ကယ်ဆယ်ရေးသင်္ကေတပါ.. .. တကယ်တော့ သူဟာ အာတိတ်ရဲ့ အအေးဆုံး ရာသီဥတုဒဏ်အဆိုးလို့ဆိုရမယ့်ရေ ခဲပြင်နေရာပေါ်ကို ရဟတ်ယာဉ်ပျက်ကျပြီးရောက်နေတဲ့သူတစ်ယောက်..... သူနေ့တိုင်းအချက်ပြစက်ကလေးကိုလှည့်တဲ့လုပ်ရပ်ကြောင့် တစ်ရက်တော့သူ့ ကိုကယ်ဖို့ရဟတ်ယာဉ်တစ်စီးရောက်လာတယ် .. ဒါပေမယ့် ရာသီဥတုကဆိုးရွားလွန်းလို့ သူ့အနားကိုရောက်အောင်မကပ်နိုင်ခဲ့တဲ့အပြင် အဲ့ဒီရဟတ်ယာဉ်ပါ ပျက်ကျသွားတယ် ..... ယာဉ်မောင်းသေဆုံးသွားပြီး အသက်ရှင်ကျန်တဲ့အမျိုးသမီးကလည်း ဒဏ်ရာအပျင်းအထန်ရထားတယ်... သူ့အတွက် ရွေးချယ်စရာသိပ်မရှိပါဘူး...မြေပုံအကူအညီနဲ့ မြောက်ဖျားပိုင်းက အဆော်အဦးတစ်ခုဆီကို ဒဏ်ရာရအမျိုးသမီးနဲ့အတူသွားမလား... ဒီနေရာမှာပဲအသေခံမလား...ထပ်လာကယ်တဲ့သူရှိလေမလားဆိုတဲ့မျှော်လင့်ချက်နဲ့ဆက်စောင့်နေမလား... သူတို့အသက်ရောရှင်နိုင်ကြပါ့မလား.... ကိုင်း သူတို့ဘာလုပ်မလဲခံစားကြည့်လိုက်ပါဦး....IMDbရော Rotten ရော အကောင်းဆုံးအနေအထားမှာရှိလို့ ကြည့်သင့်ပါကြောင်းသတင်းကောင်းပါးပါရစေ.......ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးသူက Cynthiaပါ... File Size : (832 MB) and (304 MB) Quality : HD-Rip 720p, Format…mp4 Duration…01:30:00 Genre : Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Cynthia Encoded by Phyo Pyae