
~ IMDb Rating - 6.7/10 ~ ၁ အစတုန်းကတော့အဲ့ဒီလူက ကျွန်မအတွက် အသင့်လျော်ဆုံးသူလို့ ထင်ခဲ့မိတဲ့အချိန်တွေရှိခဲ့ဖူးတာပေါ့... သူ့အတွက်ပဲ တစ်သက်လုံး ဝေယျာဝစ္စလုပ်ပေးခဲ့တဲ့ ကျွန်မပုံစံက ငြီးငွေ့စရာကောင်းနေခဲ့တာလား... အဲဒီလူကြောင့်ပဲ ရှင်နဲ့ကျွန်မနဲ့ ဆုံတွေ့ခွင့်ရခဲ့တယ်။ ကျွန်မ ဟိုးအစကတည်းက ရှင်နဲ့တွေ့ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ.... နွေမှာ နှင်းမကျသလို ရှင်နဲ့ကျွန်မလည်း ပေါင်းစပ်လို့ရနိုင်ပါ့မလား.... ၂ ချစ်ခြင်းဆိုတာ အခြေအနေအချိန်အခါပဲတဲ့။ အချစ်စစ်ကို စောတွေ့လို့လည်းမကောင်း နောက်ကျမှ တွေ့လို့လည်းမကောင်းဘူးလို့တော့ ကိုယ်ကြားဖူးတာပဲ။ နွေဦးကိုချစ်တဲ့မင်းရယ် ဆောင်းကိုချစ်တဲ့ကိုယ်ရယ် မတူညီမှုများစွာနဲ့ အချင်းချင်းချစ်မိကြတဲ့အထိ ချစ်ခြင်းဟာ ဆန်းကြယ်တယ်မို့လား။ တစ်ခုသောကံကြောင့် တို့ဝေးခဲ့ကြရင် တစ်ခုသောကံကြောင့် ကိုယ်တို့ပြန်ဆုံမယ်လို့ ကိုယ်ယုံတယ်။ အဲဒီအချိန်မှာ မင်းအတွက်နောက်မကျသလို ကိုယ့်အတွက်မစောနေခဲ့ရင် ကံမဆုံခဲ့တဲ့အချစ်တွေ ကံဆုံရဦးမှာပေါ့။ ဆောင်းထက်နွေဦးကို ပိုချစ်ပေမဲ့ နှင်းစက်တွေကို သဘောကျတယ်လို့ မင်းပြောဖူးတယ်နော်။ တစ်နေ့နေ့မှာတော့ မင်းရဲ့နွေဦးမှာ ကိုယ့်ရဲ့နှင်းစက်တွေကြွေကျ နွေဦးနှင်းတွေ လှပနေမှာပေါ့။ ခုတော့ "ငါမြင်နေကျ အရင်လိုအပြုံးတွေ ပြုံးပြဖို့တော့ မင်းအားတင်းထား"...။ ၃ April Snow ကို ဒါရိုက်တာ Hur Jin-ho ကိုယ်တိုင် ရေးသားရိုက်ကူးထားတာဖြစ်ပြီး သူဟာ Christmas in August တို့ One Fine Spring Day တို့ The Last Princess တို့လို နာမည်ကျော်ရုပ်ရှင်တွေကို ရိုက်ခဲ့တဲ့သူပါ။ အနားယူသွားတာ ကြာပြီဖြစ်တဲ့ ဟေမန်ဆောင်းရဲ့ချစ်ပုံပြင်နဲ့ ဒီမှာလူသိများခဲ့တဲ့ တစ်ခေတ်တစ်ခါက Top Star Bae Yong-joon နဲ့ လက်ရှိ 39 နဲ့ နာမည်ကြီးနေတဲ့ The Classic လို ဂန္တ၀င်ကိုရီးယားအချစ်ကားကိုရိုက်ခဲ့တဲ့ The Pirates အပြင် တခြားဇာတ်ကားကောင်းများစွာရိုက်ခဲ့တဲ့ Son Ye-jinတို့က သရုပ်ဆောင်ထားပါတယ်။ (ဇာတ်ကားနဲ့အညွှန်းကို Phoo Lin မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.6GB, 680MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 45Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Phoo Lin Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |