
IMDB - 6.6/10 ဧပြီလ ၉ ရက်နေ့တဲ့ ဒီနေ့ရက်ကို ဒိန်းမတ်လူမျိုးတွေ သူတို့ တစ်သက်တာ ဘယ်တော့မှ မေ့နိုင်ကြမယ်လို့ မထင်တော့ဘူး။ ဘာလို့လဲဆိုတော့ ၁၉၄၀ ခုနှစ် ဧပြီလ ၉ ရက်နေ့မှာ ဥရောပမှာ အင်အားကြီးထွားနေတဲ့ ဖက်ဆစ်ဂျာမန်တပ်တွေက ဒိန်းမတ်နိုင်ငံကို စတင်ကျူးကျော်ခဲ့လို့ ဖြစ်ပါတယ်။ ဂျာ့လန်ကျွန်းစွယ်ရဲ့တောင်ဖက်တွေမှာ တိုက်ပွဲတွေ ကြီးကြီးမားမား ဖြစ်ခဲ့ကြတာပေါ့။ ဒီလိုအင်အားကြီးနေတဲ့ ဂျာမန်စစ်တပ်ကြီးကို ယှဉ်တိုက်ရမှာက အဖက်ဖက်က မယှဉ်နိုင်တဲ့ ဒိန်းမတ်စစ်တပ်လေးပေါ့။ တင့်ကားတွေ သံချပ်ကာယာဉ်တွေ မော်တာတွေ ရှိတဲ့ ဂျာမန်နဲ့ ရင်ဆိုင်ရာမှာ ဒိန်းမတ်ဖက်တော့ အမြင့်ဆုံးဆိုလို့ စက်သေနတ်သာ ရှိပါတယ်။ ပြီးတော့ တင့်ကားတွေ ယာဉ်တွေမပြောပါနဲ့ ပထမဆုံး စစ်မျက်နှာပြင်ကို ခံစစ်ဖွင့်ရတဲ့တပ်စုတွေကိုကြည့် မော်တော်ဆိုင်ကယ်တပ်စုတဲ့ မင်းသားတို့ဆို ပိုဆိုး နယ်စပ်က အိမ်စောင့်စက်ဘီးတပ်စုလေးဗျာ အဲဒါလေးနဲ့ ဟိုဖက်က ဧရာမဘီလူးတွေကို ခံတိုက်ရမှာတဲ့ (စစ်ကူတွေရောက်မလာမချင်းပေါ့)။ အဲဒါ ၉ ရက်နေ့ မနက်အစောကြီး ဆရာတွေက နယ်စပ်ကျော်လာတော့ မနိုင်မှန်းသိပေမယ့်လည်း တိုက်ရတော့တာပေါ့ ဒီမှာ ဗိုလ်ကြီးရဲ့ နေရာချမှုတွေ စစ်ရေးဗျူဟာတွေ တိုက်ချိန်တန်တိုက် ဆုတ်ချိန်တန်ဆုတ်နဲ့ ဘယ်လိုအချိန်ထိ ရွပ်ရွပ်ချွံချွံ ခံတိုက်သွားနိုင်မလဲဆိုတာ ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။ စစ်ကားကြည့်ခဲ့ဖူးသမျှ ဒီလို စက်ဘီးတပ်စုလေးတော့ မမြင်ဖူးခဲ့ဘူး သူတို့တွေရဲ့အကြောင်းလည်း အတွေ့အကြုံအသစ်တွေ ရသွားကြတာပေါ့။ ရှားရှားပါးပါး ဒိန်းမတ်စစ်ကားကောင်းတစ်ကားပါပဲ။ File size…1.94GB / 750.4MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ..... Drama , History , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung