
ဒီAntz animationဟာဆိုရင် Home, How to train you dragon, Kung Fu Panda,Abominable အစရှိတဲ့ animationကောင်းများစွာရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ Director Tim Johnsonနဲ့ ကျွန်တော်တို့ကလေးဘဝတုန်းက အရမ်းကြိုက်ခဲ့ကြတဲ့ Madagascar trilogyတို့ရဲ့ ပဲ့ကိုင်ရှင် Director Eric Darnellတို့ ၂ယောက် လက်တွဲရိုက်ကူးထားတဲ့ animation ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီလိုဒါရိုက်တာကောင်းတွေကိုမှ voice actor တွေအနေနဲ့ ပရိတ်သတ်တွေရဲ့ အချစ်တော်တွေဖြစ်ကြတဲ့ Sylvester Stallone နဲ့ Jennifer Lopezတို့က ပါဝင်သရုပ်ဆောင်ထားတော့ စကားဖောင်ဖွဲ့နေစရာတောင်မလိုဘဲ ကြည့်ကိုကြည့်သင့်တဲ့ animation ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇီ ဆိုတဲ့ပုရွက်ဆိတ်လေးက ကိုလိုနီထဲက တခြားပုရွက်ဆိတ်တွေနဲ့မတူဘဲ ကွာခြားတဲ့အတွေးအမြင်ရှိတဲ့ ပုရွက်ဆိတ်လေးပါ။ သူက အခုနေနေရတဲ့နေရာမှာမပျော်ဘဲ နေရာသစ်ကိုရှိမယ်လို့ယုံကြည်ရင်း သူနဲ့မကိုက်တဲ့နေရာအကြောင်းကို သူငယ်ချင်းတွေနဲ့ စကားပြောရင်း ညီးတွားနေတတ်သူပါ။ တစ်နေ့မှာ ဘယ်လာဆိုတဲ့ ပုရွက်ဆိတ်မင်းသမီးလေးနဲ့တွေ့ဆုံမိတဲ့အချိန်မှာတော့ သူ့ဘဝဟာ ပြောင်းလဲလို့လာပါတယ်။ မင်းသမီးလေးနဲ့ နီးစပ်နိုင်ဖို့ ဇီ တစ်ယောက်ဘယ်လိုတွေများကြိုးစားကြမလဲ ကြုံလာတဲ့ပြဿနာတွေကို သူရင်ဆိုင်နိုင်ပါ့မလား၊ သူချစ်ရတဲ့ မင်းသမီးလေးနဲ့ရော ဇီတစ်ယောက်နီးစပ်နိုင်ပါ့မလားဆိုတာ ဒီရုပ်ရှင်လေးထဲမှာ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ 90sတုန်းက Animationဆိုပင်မယ့် အခုအချိန်ထိ ကြည့်လို့ကောင်းနေပြီး plotတွေကလည်း ရုပ်ရှင်ကိုကြည့်လို့ကောင်းပါတယ်။ Rotten Tomatoesကလည်း92%ဖြစ်ပြီး ကျွန်တော်လည်းတော်တော်ကြိုက်ပါတယ်။ စိတ်ကို relaxဖြစ်စေပြီး ပျင်းအီမသွားစေတဲ့အတွက် ကြည့်သင့်တဲ့animationလေးတစ်ခုဖြစ်ကြောင်းတိုက်တွန်းအပ်ပါတယ် File size…(2.86GB) / (1.38GB) / (708MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:48:00 Genre...Action / Adventure / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.96GB | Download | |
| 720p | 1.04GB | Download | |
| 1080p | 1.96GB | Download | |
| 720p | 1.04GB | Download |