
Story telling ဆိုတာ ရှေးလူကြီးတွေရဲ့ ဓလေ့တွေ ယဥ်ကျေးမှုတွေ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို နောင်လာနောက်သားတွေဆီ ပြောပြတဲ့ နည်းလမ်းတစ်ခုပါ။ Storytelling လို့ပြောတဲ့နေရာမှာ တကယ့်သမိုင်း တွေသာမက fairytale တွေ၊ ဒဏ္ဍာရီတွေလည်း ပါဝင်တယ်။အဲ့လိုနဲ့ အော်ရေဂန်ဒေသက ရှေးတိုင်းရင်း အမေရိကန်လူမျိုးတွေရဲ့ ယုံတမ်းပုံပြင်တွေ အစပျိုးခဲ့တယ်။ ဇာတ်လမ်းအကျဥ◌်းလေးပြောရရင် . . . ဂျူလီရဲ့ အတန်းထဲမှာ ထူးဆန်းတဲ့ လူးကတ်လို့ခေါ်တဲ့ ခပ်ပိန်ပိန်ကောင်လေးတစ်ယောက်ရှိတယ်။ ဘယ်သူနဲ့မှလည်း အပေါင်းအသင်းမလုပ်သလို အနိုင်ကျင့်တာလည်း ခံနေရတယ်။ တစ်နေ့ ဂျူလီက ပုံပြင်ပြောပြဖို့ ရေးခဲ့ပါဆိုပြီး အိမ်စာပေးလိုက်တယ်။ တခြားကလေးတွေက သာမန် နတ်သမီးပုံပြင်တွေ ပြောပေမယ့် အဲ့ကောင်လေးကတော့ မတူထူးဆန်းနေတယ်။ "ဝက်ဝံ၃ကောင်ဟာ တောင်ပေါ်က အေးစက်တဲ့ ဂူမှာနေတယ် ဝက်ဝံကြီးရယ် ဝက်ဝံလေးရယ် ဝက်ဝံပေါက်လေးရယ်ပေါ့ ဝက်ဝံကြီးက အားလုံးကို စောင့်ရှောက်ရတာပေါ့ တစ်နေ့ဝက်ဝံလေးပြန်လာတော့ ဝက်ဝံကြီးနဲ့ ဝက်ဝံပေါက်လေးက ထူးဆန်းနေတယ် ဝက်ဝံကြီးက နေမကောင်းဖြစ်နေပြီး စားစရာ အသားလည်းမရှိတော့ဘူး" လူးကတ်ပြောပြတဲ့ ပုံပြင်ကို ဂျူလီကြားပြီးနောက် အိမ်တွင်းအကြမ်းဖက်ခံနေရတယ် အထင်နဲ့ စိုးရိမ်ပြီး ကိစ္စတွေကို စုံစမ်းဖော်ထုတ်ရင်း လူသားတွေရဲ့ ပုံမှန် ပြသာနာ မဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆို တာကို ရင်ခုန် စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Oleander ဖြစ်ပါတယ်။ File Size - (950 MB)/(520 MB) Quality – WebDL - (720p) / (480p) Duration - 1hr 39min Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Horror, Mystery Translator – Oleander Encoder – SWM