
A Dragon Arrives! (2016) ================== IMDb Rating - 6.6/10 Nominations 11ခုဝင်ထားပြီး Cinematography, costume design နဲ့ music ပိုင်းဆိုင်ရာ ဆု6ဆုရထားတဲ့ အီရန် Horror, mystery ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဖြစ်ရပ်မှန်ကို အခြေခံထားပါတယ်လို့ ပြောထားပြီး ဇာတ်လမ်း ကိုလည်း documentary တစ်ခုရိုက်နေသလိုမျိုး ဒါရိုက်တာအပါ အဝင် ရိုက်ကူးရေးအဖွဲ့ဝင်တွေနဲ့ ဇာတ်လမ်းမှာ ပတ်သက်သူတွေ ကို မေးမြန်းထားတဲ့ စကားပြောခန်းတွေကနေ ဖြစ်စဉ်ကိုချပြထား တာပါ။ ဒါပေမဲ့ ဒီစကားပြောခန်းတွေတင်မကဘဲ လွန်ခဲ့တဲ့နှစ်ငါး ဆယ်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကိုပါ ပြန်ရိုက်ပြထားတဲ့အတွက် ကြည့် ရတာ ပျင်းမသွားစေပါဘူး။ ဇာတ်လမ်းကတော့ ဘာဘက်ဆိုတဲ့စုံထောက်က ခဲ့ရှမ်ကျွန်းမှာ ထောင်သားတစ်ယာက် သေကြောင်းကြံတဲ့အမှုကို စုံစမ်းဖို့သွား ရာကနေ သင်္ချိုင်းတစ်ခုပဲကွက်ပြီး ငလျင်လှုပ်တဲ့ကိစ္စနဲ့ ကြုံလိုက် ရပါတယ်။ ဒီသင်္ချိုင်းကို ရွာသားတွေက ဝေးဝေးရှောင်ကြောင်း၊ သင်္ချိုင်းမှာ အလောင်းမမြှုပ်တာ နှစ် 100 ကြာပြီ ဖြစ်ကြောင်း၊ အလောင်းတစ်လောင်းမြှုပ်တိုင်း ငလျင်လှုပ်တတ်ကြောင်းကို သိလိုက်ရတဲ့ ဘာဘက်ဟာ ဒီကိစ္စကို အထက်ကိုမတင်ပြဘဲ သူ့ ဘာသာသူပဲ လူနှစ်ယောက်နဲ့အတူ စုံစမ်းပါတော့တယ်။ ဒီလိုစုံ စမ်းရာမှာ ထွက်ပေါ်လာမဲ့ အဖြစ်မှန်က ဘာဖြစ်မလဲဆိုတာ CM ပရိသတ်ကြီးတို့ ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size..........(1.35 GB) / (482 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 45Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Horror, Mystery Translator.......EL Encoder..........SWM