
CM ပရိသတ်ကြီးအတွက် ၂၀၁၈ ယခုလအတွင်းမှာထွက်ရှိထားတဲ့ဇာတ်ကားအသစ်လေးတင်ဆက်ပေးလိုက်ပါတယ်။ Anon (2018) ကိုတော့ Tom Hanks ရဲ့နာမည်ကျော် The Terminal (2004) ဇာတ်ကား နဲ့ ကမ္ဘာကျော်ဟာသမင်းသားကြီး Jim Carreyရဲ့ အကောင်းဆုံးဇာတ်ကားပါလို့ တင်စားကြတဲ့ The Truman Show (1998) တို့ကို ဇာတ်ညွှန်းရေးသားခဲ့တဲ့ Ardrew Niccol ကပဲ ကိုယ်တိုင်ဇာတ်ညွှန်းရေးသားပြီး ကိုယ်တိုင်ပဲရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့မင်းသား Clive Owen နဲ့ မင်းသမီးချော Amanda Seyfried တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ IMDb rating ဟာလည်း 6.1 ရှိတဲ့အတွက်အတော်အသင့်ကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကားလို့လည်း ဆိုရမှာပါ။ ဇာတ်လမ်းအကျဉ်း ========== ဇာတ်အိမ်ကို အနာဂတ်ခေတ်မှာတည်ထားပြီးတော့ ထိုအနာဂတ်ခေတ်မှာ အစိုးရဟာ ပြစ်မှုတွေကိုနှိမ်နင်းဖို့အတွက် လူသားတွေရဲ့လုံခြုံရေးရပိုင်ခွင့်များကို ချိုးဖောက်ပြီး စောင့်ကြည့်ထောက်လှမ်းရအောင်လည်း ဥပဒေတစ်ခုကိုပြဌာန်းထားပါတယ်။ ရဲအရာရှိတစ်ဦးဖြစ်တဲ့ Sal Frieland ဟာအဆိုပါဥပဒေကို လက်ခံကျင့်သူတစ်ဦး ဖြစ်ပါတယ်။ သို့ပေမယ့် The Girl လို့ခေါ်တဲ့ Hackerမလေးနဲ့ တွေ့ပြီးတဲ့အချိန်မှာတော့ ရဲအရာရှိကြီးရဲ့ ကံကြမ္မာဟာတစ်ဆစ်ချိုးပြောင်းလဲသွားပါတော့တယ်။ ဇာတ်ကားအမျိုးအစားက Sci-fi Thriller ဖြစ်တဲ့အတွက် သရဲဘာညာမပါဘဲ လျှို့ဝှက်ရင်ထိပ်သည်းဖိုသီးသန့်ခံစားချင်သူတွေကို လက်တို့လိုက်ပါရစေ။ (ဇာတ်လမ်းအညွှန်းကိုတော့ ဆရာ အူးမျိုးသန့်မှရေးပေးထားပြီး ဘာသာပြန်ပေးထားသူကတော့ ခင်ပြည့်စုံကျော်ပါ) File Size : (800 MB) and (319 MB) Quality : 720p WEB-Rip Running Time : 1hr 40min Format : Mp4 Genre : Sci-Fi, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB.x264-STRiFE Translated by Khin Pyae Sone Kyaw Encoded by Thanhtike Zaw
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |
ထုတ်လွှင့်သည့်နေ့
May 3, 2018
ကြာချိန်
1h 40m
အဆင့်သတ်မှတ်ချက်
5.9 / 10
Director
Andrew Niccol