
Anel Meley Panithuli 2023 IMDb-6.9/10 အဓိကဇာတ်လိုက်ကျော် မာသီဆိုတဲ့မိန်းကလေးဟာ အားကစားပစ္စည်းဆိုင်ကြီးတစ်ခုရဲ့ လက်ထောက်မန်နေဂျာရာထူးနဲ့ အလုပ်လုပ်နေတဲ့ ရိုးသား ဖြောင့်မှန်တဲ့ဝန်ထမ်းတစ်ယောက်ပါ သူ(မ)ဟာ အတူတူအလုပ်လုပ်နေတဲ့ စီနီယာဝန်ထမ်းတွေအပေါ် လေးစားရိုသေသလို အောက်လက်ငယ်သား ဂျူနီယာဝန်ထမ်းတွေအပေါ်မှာလည်း ဖေးမကူညီပေးတတ်တဲ့ လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက်ဆိုလည်း မမှားပါဘူး။ တစ်ရက် သူ့လက်အောက်က ဝန်ထမ်းကောင်မလေးရဲ့ချစ်သူဟောင်းက လိုက်နှောင့်ယှက်နေလို့ သူ(မ)က ကြားဝင်ဖြေရှင်းပေးလိုက်တဲ့အခါအဲဒီကောင်လေးက မာသီ့ကို အခဲမကျေဖြစ်သွားခဲ့တယ် ။ တစ်ခါ ဆိုင်ကဝန်ထမ်းကောင်လေးက သူငယ်ချင်းဖြစ်သူနဲ့ပူးပေါင်းပြီး ပစ္စည်းခိုးတာကို မာသီသိသွားတော့ အလုပ်ထွက်ခိုင်းလိုက်ပါတယ်။ အဲဒီလိုနဲ့ မာသီဟာ မရည်ရွယ်ဘဲနဲ့ လူနှစ်ယောက်ဆီက မကျေနပ်ချက်ရန်ငြိုးတွေ ရရှိခဲ့ရပါတယ်။တစ်ရက် အဲဒီဝန်ထမ်းကောင်မလေးရဲ့ မင်္ဂလာဆောင်ပွဲလုပ်တဲ့ ကျေးရွာလေးကိုသွားရင်းမာသီတစ်ယောက် မသမာတဲ့လူယုတ်မာသုံးယောက်ဆီက မတော်မတရားပြုကျင့်ခြင်း ခံလိုက်ရပါတယ်။ ဖြစ်သမျှကုန်စင်ကို ရဲစခန်းသွားတိုင်ပြီး သူထင်ကြေးပေးတဲ့သူတွေကို ရဲကဖမ်းဆီးစစ်ဆေးကြည့်တဲ့အခါ…. တရားခံတွေက သူထင်ထားတဲ့ သူတွေမဟုတ်ဘဲ မထင်မှတ်ထားတဲ့သူတွေဖြစ်နေတာကိုသိလိုက်ရပါတယ်။ နောက်သုံးလနေရင် ချစ်တဲ့သူနဲ့လက်ထပ်ပြီး အားကစားဆိုင်က လက်ထောက်မန်နေဂျာ ဝန်ထမ်းဘဝနဲ့ ဘဝကိုအေးအေးဆေးဆေး ဖြတ်သန်းမယ်လို့ ဆုံးဖြတ်ထားတဲ့ မာသီတစ်ယောက် ကြုံလာရတဲ့ လောကဓံဆိုးတွေကို ဘယ်လို ကျော်လွှားအံတုပြီးနေသွားမလဲ ဆိုတာကို ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုခံစားပေးလိုက်ကြပါဦး… (ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ဘာသာပြန်တွေကတော့ YH ~ BpL ~ ToMo ~ Alexia ~ Dee တို့ပဲဖြစ်ပါတယ်)
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.5GB | Download | |
| 1080p | 1.5GB | Download | |
| 1080p | 1.5GB | Download | |
| 1080p | 1.5GB | Download | |
| 720p | 750MB | Download | |
| 720p | 750MB | Download | |
| 720p | 750MB | Download | |
| 720p | 750MB | Download | |
| 720p | 750MB | Download | |
| 720p | 750MB | Download |