
ဒီတစ်ခါတော့ An Unforgettable Year ရာသီလေးခုထဲက Springမှာ ပေါက်ဖွားခဲ့တဲ့အချစ်ဇာတ်လမ်းလေးကို ရှုစားရမှာပါ...။ ပန်းတွေပွင့်ကြတဲ့ နွေဦးအလှဟာဆိုရင် ပန်းချီလေးဆွဲ ဘောင်လေးသွင်းထားသင့်တဲ့အလှလေးဗျ..။ ဒီဇာတ်လမ်းထဲမှာလည်း ဂျက်စမင်ဟာဆိုရင် ငယ်ငယ်လေးကတည်းက ပန်းချီပညာကို ရူးသွပ်သူ..၊ အချိန်ပြည့် ပန်းချီကိုရူးသွပ်သူပေါ့...။ သို့ပေမဲ့ ဂျက်စမင်ရဲ့ အမေဖြစ်သူကတော့ သမီးကို စီးပွားရေး ကောလိပ်သာဆက်တက်စေချင်ပြီး ပန်းချီပညာနောက်ကိုလိုက်ခွင့်မပေးပါဘူး...။ ဒီလိုနဲ့ ဂျက်စမင်တစ်ယောက် စာကိုသာကြိုးစားခဲ့ရပေမယ့် အထက်တန်းနှစ်မှာတော့ သင်္ချာကို တဗုန်းဗုန်းကျပါလေရော...။ ဘယ်လောက်ထိဆိုးသလဲဆိုရင် သင်္ချာစာမေးပွဲဖြေရင် စာမေးပွဲကိုစိတ်မပါနိုင်ဘဲ အဖြေလွှာမှာ ပုံတွေချည်း ဆွဲနေလို့ သုညရခဲ့သူလေးပါ..။ သူ့အတွက်က သင်္ချာအောင်မှ အထက်တန်းအောင်ပြီး အမေဖြစ်သူတက်စေချင်တဲ့ စီးပွားရေးကောလိပ်တက်နိုင်မှာပါ...။ ဒါမှမဟုတ် သင်္ချာမအောင်မယ့် အတူတူ အိမ်ကို ပုန်ကန်ပြီးပဲ အနုပညာသင်တန်းတက်လိုက်ရမလားနဲ့ဝေခွဲမရဖြစ်နေပြီပေါ့...။ ဒီလိုနဲ့ ဂျက်စမင်တစ်ယောက် သင်္ချာအောင်ဖို့ ဂိုက်ဆရာလေး ဒါဗီနဲ့ဆုံတွေ့ခဲ့ပြီး... ဒါဗီကပါ ပန်းချီပညာဘက်ကိုလိုက်သင့်ကြောင်း အားပေးအားမြှောက်ပြုလာတဲ့အခါ မှာတော့ Springကာလ မမေ့နိုင်တဲ့အချစ်ဇာတ်လမ်းတစ်ပုဒ် အစချီခဲ့ပါတော့တယ်...။ File size : 1.56GB / 583MB Quality : WEB-DL 1080p/ 720p Format : mp4 Duration : 1hr 19m Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Tiff