
စင်ကာပူနိုင်ငံသူ လင်းမိန်ဟွာဟာဆိုရင် ကိုးရီးယားဇာတ်လမ်းတွဲတွေ ကြည့်ရတာကို အရမ်းနှစ်သက်သူဖြစ်ပြီး ဇာတ်လမ်းတွဲကြည့်ရင်း ဒိုင်ယာလော့တွေကို လိုက်ပြောရတာကတော့ သူ့ရဲ့ဝါသနာပေါ့.. လင်းမိန်ဟွာနဲ့ သူ့သားလေးက အားလပ်ရက်မှာ ကိုးရီးယားကို ခရီးအတူသွားဖို့ ကြိုတင်ဘိုကင်လုပ်ထားခဲ့ပေမဲ့ သားဖြစ်သူက အလုပ်အင်တာဗျူးကြောင့် ခရီးသွားမဲ့အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတော့တယ်.. တစ်သက်နဲ့တစ်ကိုယ် တစ်ယောက်တည်းခရီးမသွားခဲ့ဖူးတဲ့ အန်တီလင်းမိန်ဟွာလည်း သတ္တိမွေးပြီး တစ်ယောက်တည်း ကိုးရီးယားကို ခရီးထွက်လာတဲ့အခါမှာတော့... ပထမဆုံး ကိုးရီးယား-စင်ကာပူ ရုပ်ရှင်လေးဖြစ်ပြီး ကိုးရီးယားဇာတ်လမ်းတွေ ကြိုက်နှစ်သက်သူတွေအဖို့တော့ ဇာတ်လိုက်မင်းသမီး လင်းမိန်ဟွာနဲ့ ထပ်တူခံစားရင်း ကြည့်ရှုလို့ရမဲ့ ရုပ်ရှင်လေးပါပဲ... Main Cast တွေအနေနဲ့ စင်ကာပူ ဝါရင့်သရုပ်ဆောင်မင်းသမီးကြီး Hong Huifang ၊ Kang Hyeong Seok နဲ့ Jung Dong Hwan တို့က ပါ၀င်သရုပ်ဆောင်ပေးထားပြီး မင်းသားချော Yeo Jin Goo ကလည်း special guest အဖြစ် ပါ၀င်သရုပ်ဆောင်ပေးထားပါသေးတယ်..... File Size : (1.3GB) and (566MB) Quality : AMZN.WEB-DL,1080P,720p Format…mp4 Duration…01:30:00 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo & Miri Encoded by Phyo Pyae