
Imdb - 5.7 Rotten Tomatoes - 66% ပျင်းရိစရာကောင်းနေတဲ့ အိမ်ထောင်မှုဘဝကို အပြောင်းလဲဖြစ်လိုဖြစ်ငြား အဖော်ချွတ်ကလပ်ကို လင်မယားနှစ်ယောက်လုံး သွားဖို့ဆုံးဖြတ်လိုက်ကြတယ်။ ဇနီးဖြစ်သူ ရေချယ်တစ်ယောက် ကလပ်မှာလုပ်နေတဲ့ မက္ကန်နာဆိုတဲ့ ကောင်မလေးနဲ့ရင်းနှီးကျွမ်းဝင်ပြီး ကောင်မလေးဒုက္ခရောက်တာနဲ့ကြုံကြိုက်ပြီး ရေချယ်တို့ အိမ်အထိလာနေဖြစ်ရော။ ပိုက်ဆံရရင်ဘာမဆိုလုပ်တဲ့ မက္ကန်နာဟာ ရေချယ်ရဲ့ကယ်တင်ခြင်းကနေ သူ့ဟာသူသိမှန်းမသိပဲထွက်ပြေးနေမိတယ်။ အလုပ်တွေပဲအမြဲတစေပိနေတဲ့ ယောက်ျားဖြစ်သူဂျက်ဖ်နဲ့စိတ်တွေ ကယောက်ကယက်ဖြစ်နေတဲ့ ရေချယ်တို့ လိင်မှုဆက်ဆံရေးကတော့ ဘာမှထူးမလာခဲ့ပါဘူး။ ပတ်ဝန်းကျင်မှာစိတ်အဆင်ပြေချင်ယောင်ဆောင်နေရတဲ့ရေချယ်တစ်ယောက် ဘယ်တော့ပေါက်ကွဲထွက်မယ် မသိတဲ့အစိုင်းခဲကြီးကိုပိုက်ပြီးနေလာခဲ့ရာမှ အကြောင်းတရားတွေတိုက်ဆိုင်သွားတဲ့အခါ ကွဲထွက်လွင့်စင်ကုန်ပါတော့တယ်။ ရုပ်ရှင်ဟာအမျောပုံစံဖြစ်ပြီး အေးအေးဆေးဆေး ပေါ့ပေ့ါပါးပါး ရယ်မောစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size… 1.59 GB / 790 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 48m Genre ..... Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kaung Paing