
ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ friendship နဲ့ပတ်သတ်တဲ့ ရုပ်ရှင်ကားကောင်းလေးပါ။ လူတိုင်း ဘဝမှာ အခင်ဆုံးသူငယ်ချင်းတစ်ယောက်တော့ အနည်းဆုံး ရှိကြမှာပါ။ ကျောင်းသား ကျောင်းသူဘဝတုန်းက သက်တူ ရွယ်တူ စိတ်တူ ကိုယ်တူ သူငယ်ချင်းတွေလည်း အများကြီး ရှိခဲ့ ကြဖူးမှာပေါ့။ ဒါပေမဲ့ အသက်အရွယ်တွေ ကြီးပြင်းလာပြီး 20 somethingအရွယ်တွေ ကိုရောက်တဲ့အခါမှာတော့ အဲဒီ သူငယ်ချင်းဆိုတဲ့ အဝန်းအဝိုင်းလေးက တဖြည်းဖြည်း သေးလာတာကိုလည်း ကြုံကြရမှာပါ။ အသက်အရွယ်တစ်ခုရောက်လာတဲ့အခါ ကိုယ်ဘဝ တစ်လျှောက်လုံး ပခုံးဖက်ပေါင်းလာခဲ့တဲ့ အခင်ဆုံးသူငယ်ချင်း ဟာလည်း အချိန်တိုင်းအနားမှာ မရှိနေနိုင်တော့ပါဘူး။ တစ်ခါတလေမှာဆိုရင် သဘောထားချင်းမတိုက်ဆိုင် ကြတော့လို့ ခွာပြဲကြရတာမျိုးတွေတောင်ရှိတတ်ပါ သေးတယ်။ ဒီဇာတ်ကားထဲက ကေတီနဲ့ ဒီလန်နီဟာလည်း အသက် 12နှစ် ကတည်းက မခွဲမခွာဘဲ အတူတူပေါင်းလာကြတဲ့ အခင်ဆုံး သူငယ်ချင်းတွေပါ။ ဒီလိုနဲ့ သူတို့နှစ်ယောက်အရွယ်ရောက် လာတဲ့အခါမှာ ကေတီက ချစ်သူရည်းစားအတည်တကျနဲ့ ဘဝကိုဖြတ်သန်းနေပေမဲ့ ဒီလန်နီကတော့ ဘဝကို ပျော်ပျော် ပါးပါး စားလိုက်သောက်လိုက်နဲ့ ဖြတ်သန်းနေတုန်းပါပဲ။ ဒါပေမဲ့ ဒီလန်နီက အပြောင်းအလဲတွေကို မနှစ်သက်သူမို့ သူတို့ရဲ့ သူငယ်ချင်းဆက်ဆံရေးကြားထဲမှာ ကေတီရဲ့ ကောင်လေး ဝင်လာတာကို သိပ်သဘောမကျပါဘူး။ တစ်ရက်မှာ ကေတီက သူ့ကောင်လေးဆီကနေ လက်ထပ် ခွင့်တောင်းခံလိုက်ရတော့ အပြောင်းအလဲတွေ သဘော မကျတတ်တဲ့ ဒီလန်နီကိုပြောပြဖို့ အခက်တွေ့လာပါတယ်။ ဒီလိုနဲ့ သူငယ်ချင်းဆက်ဆံရေးကြားထဲ ကတောက်ကဆ လေးတွေ ဖြစ်လာတာကို သဘာဝဆန်ဆန်ရိုက်ကူးပြထား တာပါ။ သူငယ်ချင်း ဆက်ဆံရေးနဲ့ပတ်သတ်တဲ့အကြောင်း အရာတွေအပြင်၊ Adult တစ်ယောက်ဖြစ်လာတဲ့အခါ ကြုံတွေ့လာရမဲ့ အမျိုးမျိုးသော အပြောင်းအလဲတွေကိုပါ လက်ခံတတ်စေဖို့ကို အဓိကထားပြီးရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ကြောင်း ညွှန်းဆို လိုက်ချင်ပါတယ်။ File size… (1.43 GB) / ( 778 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 30m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse