Preparing your cinema experience...

Adharma Kadhaigal (2024) “စိတ်အမှောင်” ဒီတစ်ခါတော့ CM Bollywood ပရိသတ်ကြီးအတွက် ထူးထူးခြားခြားတင်ဆက်ထားတဲ့ တမီလ်စကားပြောမှုခင်း-ဒရာမာ ရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းရဲ့ထူးခြားချက်က အစအဆုံးဇာတ်လမ်းတစ်ပုဒ်တည်းမဟုတ်ဘဲ မတူတဲ့ဇာတ်ကြောင်း ၄ ခုကို တင်ဆက်ထားတာ ဖြစ်ပါတယ်။ ဇာတ်ကြောင်းမတူပေမဲ့ လေးပုဒ်လုံးတူညီတဲ့အချက်တွေကတော့ မတရားမှု၊ ကလဲ့စား၊ သစ္စာဖောက်မှုနဲ့ စိတ်ရဲ့အမှောင်ဘက်ခြမ်းကိုသွားတဲ့ dark side တွေကို တွေးတောဆင်ခြင်မိစရာဖြစ်အောင် ရိုက်ကူးထားတာပါ။ မတရားမှုတွေ၊ လူတွေရဲ့ဆိုးယုတ်မှုတွေ၊ လောကရဲ့ပျော်စရာ၊ ၀မ်းနည်းစရာတို့အပြင် အချစ်နဲ့ဘ၀ကို ရသစုံလင်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းတိုတွေပေမဲ့ တကယ်အနှစ်တွေမို့ အချိန်လေးတစ်ခုပေးပြီး ကြည့်ရှုခံစားလိုက်ကြပါဦး…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)