
About My Father (2023) သားတစ်ယောက်က လက်ပေါက်ကပ်တဲ့သူ့အဖေအကြောင်း ဖောက်သည်ချထားတဲ့ပုံစံ အမေရိကန်ဟာသရုပ်ရှင်ပါ။ သားအဖနှစ်ယောက်အဖြစ် Sebastian Maniscalco နဲ့ ဂန္ထဝင်မင်းသားကြီး Robert De Niro တို့က အတွဲညီညီသရုပ်ဆောင်ထားပါတယ်။ ~ ဇာတ်လမ်းအကျဥ်း ~ ဆီဘက်ရှန်တို့မိသားစုက အီတလီနိုင်ငံ စစ္စလီကျွန်းက မန်နီစကယ်ကိုမျိုးဆက်ဖြစ်ပြီး ချီကာဂိုအမေရိကန်ကိုပြောင်းရွှေ့ခဲ့ကြတဲ့ Immigrant မိသားစုပါ။ ဆီဘက်ရှန်ဟာ ဖခင်ရဲ့တင်းကြပ်တဲ့ အုပ်ထိန်းမှုအောက်မှာ ရှိတာနဲ့ရောင့်ရဲတတ်ဖို့ ရှက်တတ်ကြောက်တတ်ဖို့ သင်ယူကြီးပြင်းခဲ့ရတယ်။ ဆီဘက်ရှန်ရဲ့ချစ်သူ အယ်လီကတော့ ပွင့်လင်းတဲ့အမေရိကန်သူဖြစ်ပြီး မျိုးရိုးမြင့်တဲ့ ကြေးရတတ်မိသားစုကနေ ဆင်းသက်လာတဲ့သူပါ။ အယ်လီ့ကို လက်ထပ်ခွင့်တောင်းဖို့ အချိန်ခါကောင်းကိုစောင့်နေတုန်း အယ်လီ့မိသားစုက ဆီဘက်ရှန်ကို ဗာဂျီးနီးယားက သူတို့ရဲ့နွေရာသီစံအိမ်ကို အားလပ်ရက်လာလည်ဖို့ ဖိတ်လိုက်ပါတယ်။ ကံဆိုးတာကတော့ ဆီဘက်ရှန်ရဲ့အဖေပါလိုက်လာတာပါပဲ။ သားအဖနှစ်ယောက်ရဲ့ တကျက်ကျက်ဆက်ဆံရေး၊ ယဥ်ကျေးမှုမတူတဲ့ မိသားစုနှစ်ခုရဲ့ဂယက်တစ်သိန်းနဲ့တွေ့ဆုံမှု၊ ဆီဘက်ရှန်တစ်ယောက် သူ့အဖေလူ့ဂွစာကြီးနဲ့ အယ်လီတို့မိသားစုကြား ဗျာများရပုံတွေကို တစိမ့်စိမ့်တွေးပြီးရယ်ရတဲ့ဟာသတွေနဲ့ တင်ဆက်ထားလို့ ကြည့်ရကျိုးနပ်စေမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.3GB, 580MB Quality - 1080p, 720p IMDb Rating - 5.8/10 Format - mp4 Duration - 1H 30Min Genre - Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y
ဒေါင်းလုပ်လင့်ခ်များမရှိသေးပါ
ထုတ်လွှင့်သည့်နေ့
May 25, 2023
ကြာချိန်
1h 30m
အဆင့်သတ်မှတ်ချက်
6.1 / 10
Director
Laura Terruso