
ဒီတစ်ခါတော့ CM ပရိသတ်ကြီးအတွက် လတ်တလောထွက်ရှိထားတဲ့ ကာတွန်းကားအသစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ နာမည်ကျော် DreamWorks Studio ကနေ ဖန်တီးတင်ဆက်ထားတဲ့ ဒီကားလေးနာမည်ကတော့ Abominable (2019)ပါ။ Imdb Rating 7.1/10 Rotten Tomatoes 81%တောင်ရရှိထားတာမလို့ Animation Movie ကောင်းလေးတွေကိုမျှော်လင့်နေတဲ့ CM ပရိသတ်ကြီးအတွက် သတင်းကောင်းပါပဲ။ ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ်တင်ဆက်လိုပါသေးတယ်။ ရှန်ဟိုင်းမြို့တစ်နေရာမှာ လူချမ်းသာ စီးပွားရေးသမား မစ္စတာဘားနက်က ဟိုး ဟိမဝန္တာက နှင်းလူတစ်ကောင်ကို ဖမ်းဆီးရရှိထားပါတယ်။ တစ်နေ့မှာတော့ လုံခြုံရေးကျိုးပေါက်ပြီး အဲဒီနှင်းလူကထွက်ပြေးကာ ယီဆိုတဲ့တရုတ်မလေးရဲ့အိမ်ခေါင်မိုးမှာ ပုန်းနေပါသတဲ့။ ပုန်းနေတဲ့ နှင်းလူလေးကိုဝေးလံလှတဲ့ ဟိမဝန္တာဆီကိုပြန်လိုက်ပို့ဖို့ ယီရယ် ပန်ဆိုတဲ့ကလေးလေးရယ် ဂျင်မ်ဆိုတဲ့ ကောင်လေးရယ် အတူတူကြိုးစားအားထုတ်ပုံတွေကိုမြင်တွေ့ရမှာပါ။ တစ်ဖက်မှာလဲသူတို့နောက်ကိုလိုက်နေတဲ့ သူတွေကလဲရှိနေပြန်တော့ သူတို့ဘာတွေရင်ဆိုင်ရမလဲ? ဘယ်လိုတွေရင်ဆိုင်ဖြေရှင်းမလဲ?ဆိုတာ စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးပါ။ File Size : ( 911 MB , 308 MB ) Quality : BluRay 1080p 5.1 CH , BluRay 720p Running Time : 1 hr 37 min Format : Mp4 Genre : Animation , Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Moe Myint Lwin
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 720p | Download |