
A Walk to Remember (2002) IMDb Rating (7.4) “A Walk to Remember” သို့ ပြန်တမ်းတခြင်း …။ Nicholas Sparks ရဲ့ဝတ္ထုတွေဘယ်လောက်ထိ နာမည်ကြီးတယ်ဆိုတာ အထူးအထွေမိတ်ဆက်စရာတောင်မလိုတော့ပါဘူး… Romance ကြိုက်သူတိုင်းရဲ့ playlist ထဲမှာ မပါမဖြစ်တဲ့ The Notebook, The Lucky One, Dear John, The best of me စတဲ့ ဇာတ်ကားတွေဟာ သူ့ရဲ့ဝတ္ထုတွေကို ပြန်အသက်သွင်းထားတာပါ။ အခု A Walk to Remember ရုပ်ရှင်ဟာလဲ သူ့ရဲ့စာအုပ်ကိုပဲရိုက်ကူးထားတာဖြစ်ပြီး 2002 ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပါတယ်။ အချစ်ဆိုတာ ဘယ်လိုမျိုးလဲ.. အချစ်က ကျွန်တော်တို့အတွက် ဘယ်လောက်အရေးပါလဲ။ တစ်နည်းအားဖြင့် အချစ်ကို ကျွန်တော်တို့ ဘယ်လိုသတ်မှတ်ကြလဲ။ Beauford ဆိုတဲ့ သိပ်လှတဲ့ ကမ်းနားမြို့လေးက ဇာတ်လမ်းတစ်ပုဒ်…။ အဖေက သူတို့ကိုပစ်ပြီး နောက်မိန်းမယူသွားလို့ လောကကြီးကို အရွဲ့တိုက်ဆိုးပေနေတဲ့…၊ မျှော်လင့်ချက်၊ ယုံကြည်ချက်၊ ပန်းတိုင်၊ မေတ္တာ ဘာမှမရှိတဲ့ Landon Carter ဆိုတဲ့ ကောင်လေးတစ်ယောက်။ ပြီးတော့ … ငယ်ငယ်ကလေးတည်းက အမေကို ဆုံးရှူံးထားရတဲ့ …၊ ခရစ်ယာန်ဘုန်းတော်ကြီးရဲ့ သမီးလေး …၊ ယုံကြည်ခြင်း မျှော်လင့်ခြင်း ချစ်ခြင်းမေတ္တာတွေပြည့်နေတဲ့ နှလုံးသားတစ်ခုနဲ့ Jamie Sullivan ဆိုတဲ့ ကောင်မလေးတစ်ယောက် …။ မူလတန်းကတည်းက သူတို့တွေ ကျောင်းတူခဲ့ကြလို့၊ တစ်ယောက်ကိုတစ်ယောက် မျက်မှန်တန်းမိခဲ့ကြတယ်။ ကျောင်းမှာပေါ်ပြူလာဖြစ်တဲ့ လန်ဒန်အတွက် ဂျင်မီဟာ ခပ်ထုံထုံ၊ ရှေးရိုးစွဲအယူအဆတွေနဲ့ ရယ်စရာမိန်းမတစ်ယောက် သက်သက်ပဲ။ ဒါပေမယ့် အချစ်ဆိုတာက နေ့တိုင်းတွေ့မြင်နေရတဲ့ လူတစ်ယောက်ကိုတောင် အခိုက်အတန့်လေး တစ်ခုအတွင်းမှာ ကောက်ကာငင်ကာ စွဲလမ်းသွားစေတတ်တာမျိုး မဟုတ်လား။ “Love is like the wind. We can’t see it, but We can feel it.” အချစ်ဆိုတာ တကယ်ကို လေပြေညှင်းနဲ့တူပါတယ်။ မမြင်နိုင်ပေမဲ့ ခံစားနားလည် သိရှိနိုင်တယ်။ ဂျေမီပြောခဲ့တဲ့ ဒီစကားလေးလိုပဲ … အချစ်ဟာ လေပြေညှင်းလို သူ့ဘဝထဲကို တိုးဝင်သက်ရောက်လာတဲ့အခါ လန်ဒန်တစ်ယောက် ပြောင်းလဲသွားခဲ့ပြီးဘာတွေဆက်ဖြစ်လာမလဲဆိုတာ…။ ကိုင်း Romance ပရိတ်သတ်တွေ တသသဖြစ်ရတဲ့ အချစ်ဇာတ်ကားလေးကို ခံစားကြည့်ကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။)
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.9 GB | Download | |
| 1080p | 2.9 GB | Download | |
| 1080p | 2.9 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download |