
A Very Harold and Kumar Christmas (2011) Genre - Comedy, Adventure IMDB - 6.2/10 ဟာရိုးနဲ့ ကူးမားတို့နှစ်ယောက် ပထမနှစ်ကားအပြီး ဘာဂါတွေစား ထောင်တွေဖောက်ရ လုပ်ပြီးကြတဲ့နောက် ကိုယ်စီ ချစ်သူရပြီး ငြိမ်သက်သွားကြပါတယ်။ ဒီလိုနဲ့ ၆ နှစ်ကြာလာတဲ့အခါမှာ ဟာရိုးတစ်ယောက်ကတော့ အိမ်ထောင်သည်ဖြစ်နေပြီး အလုပ်ကြိုးစား မကောင်းတာတွေမလုပ်တော့ပဲ ရိုးသားတဲ့မိတ်ဆွေတစ်ယောက်နဲ့သာပေါင်းပြီး ကလေးရအောင် ကြိုးပမ်းနေတဲ့အချိန် ဖြစ်ပါတယ်။ ကူးမားဆိုတဲ့ကောင်ကတော့ သိတဲ့အတိုင်း ဆေးခြောက်ပဲ ဆက်သုံးနေပြီး ချစ်သူနဲ့ လမ်းခွဲထားတာလည်း အချိန်ကြာတော့ ပေပေတေတေနေနေတဲ့အချိန်ပေါ့။ အဲဒီမှာပဲ ကိုယ်စီ ပြဿနာတစ်ခုစီ တက်ကြတယ် ဟာရိုးအတွက်ကျ ယောက္ခထီးအလိုကျ နေချင်တဲ့အတွက် ခရစ္စမတ်သစ်ပင်ကို အလှဆင်ဖို့ တာဝန်ကျတယ် ကူးမားကကျ ချစ်သူက ကိုယ်ဝန်ရှိနေလို့လာပြောတာကို ဆေးကွဲပြီး သေချာမဖြေရှင်းနိုင်တော့ ဟိုက စိတ်ပျက်ထွက်သွားပြန်ပါလေရော။ ဒီလိုနဲ့ နှစ်ယောက်သား ပြန်ပေါင်းစည်းဖို့ ဖြစ်လာတာက ကူးမားဆီကို ဟာရိုးနာမည်နဲ့ အထုပ်တစ်ထုပ် ရောက်လာလို့ ဟာရိုးအိမ်သွားပို့ရာကနေ ဟာရိုးကြောက်ရတဲ့ ယောက္ခထီးရဲ့ ၈ နှစ်ကြာပျိုးထားတဲ့ ခရစ္စမတ်သစ်ပင်ကြီး ကူးမားကြောင့် မီးလောင်သွားခဲ့ချိန်မှာတော့… ညတွင်းချင်း အပင်ရှာဖို့ စွန့်စားခန်း ထွက်ရပါတော့တယ် အဲဒီမှာ ရိုးရာမပျက် အလွဲပေါင်းစုံနဲ့ လိုချင်တာကိုရဖို့ ဘယ်လောက်သောက်တလွဲတွေ ဖြစ်ရမလဲဆိုတာကို တစ်ခွီခွီနဲ့ ကြည့်ရှုခံစားရမှာပါ။ ဒီကားမှာတော့ သူတို့နှစ်ယောက်အပြင် ဘော်ဒါသစ်တွေဖြစ်တဲ့ လူငယ်လေး အေဒီရီယန်တို့ ကလေးအဖေ တော့ဒ်တို့ ကလေးလေး အေဗာတို့က အားဖြည့်ထားကြပါသေးတယ်။ ထုံးစံအတိုင်း နေးလ်ပက်ထရစ်က ဒီထဲမှာလည်း ကြမ်းရမ်းထားတုန်းပါပဲ။ ကဲ အားလုံးသိတဲ့အတိုင်း ဒီကားကတော့ မူးယစ်ဆေးပေါင်းစုံ အဆဲပေါင်းစုံ စမူဆာ အီကြာကွေး အစုံပါတဲ့အတွက် ကြည့်ရှုကြမယ်ဆို သတိတစ်ချပ် ပြုစေလိုပါတယ်ခင်ဗျာ….။ သူတို့ရဲ့ နောက်မျိုးဆက်တွေကိုလည်း စောင့်ချင်နေမိတာတော့ အမှန်ပဲဗျို့…။ File size… 23.7 GB / 1 GB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 48m Genre ..... Adventure, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung