
IMDb 7,,,,, Rotten Tomatoes 68% ဒီရုပ်ရှင်ထဲမှာတော့ အားလုံးသိပြီးသားနာမည်ကြီး သရုပ်ဆောင်များဖြစ်တဲ့ Keanu Reeves, Robert Downey Jr. Woody Harrelson နဲ့ မင်းသမီး Winona Ryder တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Richard Linklater က ပုံဖော်ရိုက်ကူးထားတဲ့ Animated Sci-fi/thriller ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းအကြောင်းကိုမပြောခင်မှာ ဒီဇာတ်ကားရဲ့ ထူးခြားတဲ့ တင်ဆက်ပုံကို အရင်ဆုံးပြောပြချင်ပါတယ်။ ဒီဇာတ်ကားထဲက Scene တွေကို တစ်ကားလုံးရိုက်ပြီးတော့မှ Interpolated Rotoscope လို့ခေါ်တဲ့နည်းပညာကိုသုံးပြီး မူလရုပ်ရှင်ကို ဖရိန်တစ်ခုချင်းဆီ ခြေရာကောက်ပြီး Animation အဖြစ်ပြောင်းထားတာပဲဖြစ်ပါတယ်။ Animation ဖြစ်တာတော့မှန်ပါတယ်.. ဒါပေမယ့် လူအစစ်တွေသရုပ်ဆောင်ထားတာပါ... ဇာတ်လမ်းအညွှန်းကတော့ ဘောပ့်အာတာ(Keanu Reeves)ဟာ မူးယစ်ဆေးအရောင်းအဝယ်လုပ်နေတဲ့ အဖွဲ့တစ်ခုကို စုံစမ်းဖို့အတွက် အသွင်ယူထားတဲ့ ရဲအရာရှိတစ်ယောက်ပဲဖြစ်ပါတယ်။ ဒါပေမယ့် သဏ္ဌာန်လုပ်သရုပ်တူရမယ်ဆိုတဲ့ စိတ်ဓာတ်ရှိနေတဲ့ ဘောပ့်အာတာဟာ သူကိုယ်တိုင် ဆေးစွဲတဲ့သူတစ်ဦးဖြစ်လာပါတော့တယ်။ ဘောပ့်အာတာအနေနဲ့ သူ့ရဲ့လျှို့ဝှက်သရုပ်ကို မပေါ်အောင်ကြိုးစားရင်းနဲ့ မူးယစ်ဆေးတိုက်ဖျက်မှုကို ဘယ်လိုတွေလုပ်ဆောင်မလဲ သူ့ရဲ့အနားမှာရှိတဲ့ ဂျင်ဘယ်ရစ်(Robert Downey Jr.)နဲ့အာနီလက်မန်း (Woody Harrelson)တို့ရဲ့ အရှုပ်တော်ပုံတွေကိုလည်း ကြည့်ရှုကြရမှာဖြစ်ပါတယ်။ရုပ်ရှင်ထဲမှာ ကြမ်းတမ်းတဲ့အပြောအဆိုများ၊ မူးယစ်ဆေးသုံးစွဲသူများ၏ နေထိုင်မှုများနဲ့ ချစ်တင်းနှောခန်းလည်း ပါဝင်တာကြောင့် R Rating သတ်မှတ်ခံထားရပါတယ်။ File Size : (1.95 GB) (935 MB) and (222MB) Quality : Blu-Ray 1080p5.1CH, 720p Format…mp4 Duration…01:40:00 Genre : Animation , Crime , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |
ထုတ်လွှင့်သည့်နေ့
July 7, 2006
ကြာချိန်
1h 40m
အဆင့်သတ်မှတ်ချက်
6.8 / 10
Director
Richard Linklater