
A Samurai in Time (2023) IMDb – 7.1/10, RT – 100% Edo ခေတ်ကာလမှာ Shogun ဆန့်ကျင်ရေးအဖွဲ့ဖြစ်တဲ့ Choshu မျိုးနွယ်ဝင်တွေနဲ့ Shogun ထောက်ခံရေးအဖွဲ့ဝင်ဖြစ်တဲ့ Aizu မျိုးနွယ်ဝင်တွေက အချင်းချင်း တိုက်ခိုက်နေကြပါတယ်။ တစ်ရက်မှာတော့ Aizu မျိုးနွယ်ဝင်ဖြစ်တဲ့ ဆာနိုဆကဲနဲ့ ခိုဆကတို့က Choshu မျိုးနွယ်ဝင်တစ်ယောက်ဖြစ်တဲ့ ရာမဂတဟိကိုကုရိုကို အလစ်ဝင်တိုက်ပါတော့တယ်။ ဒီလိုနဲ့ တိုက်ခိုက်နေရင်းမှာပဲ မိုးတွေရွာရင်း လျှပ်စီးလက်ပြီး တစ်လောကလုံးလင်းထိန်သွားပါတော့တယ်။အဲဒီနောက် ခိုဆကတစ်ယောက် သတိရတဲ့အချိန်မှာ သူက နှစ်ပေါင်း ၁၄၀ လောက် အချိန်ခရီးသွားလာမိတဲ့အကြောင်းကို သိသွားပါတယ်။ ဒီလိုနဲ့ ဆာမူရိုင်းတွေမေ့ပျောက်ခံနေရတဲ့ လက်ရှိခေတ်မှာ ဆာမူရိုင်းတွေကို အမှတ်ရစေဖို့အတွက် ခိုဆကတစ်ယောက် သမိုင်းကြောင်းရုပ်ရှင်တွေမှာ စတန့်သမားအဖြစ်နဲ့ အလုပ်ဝင်လုပ်ပါတော့တယ်။ ခိုဆကတစ်ယောက် သမိုင်းကြောင်းရုပ်ရှင်တွေရိုက်ရင်း ကြုံတွေ့ရမယ့်အရာတွေ… ဆာမူရိုင်းတစ်ယောက်ရဲ့ စိတ်ဓာတ်ပြတ်သားမှုတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီ A Samurai in Time ဆိုတဲ့ရုပ်ရှင်က 37 ကြိမ်မြောက် Nikkan Sports Film Awards, 67 ကြိမ်မြောက် Blue Ribbon Awards, 48 ကြိမ်မြောက် Japan Academy Film Prize စတဲ့ ဆုပေးပွဲတွေမှာ ဆုပေါင်း ၇ ဆုရရှိခဲ့တဲ့အပြင် တခြားဆု ၇ ဆုအတွက်လည်း Nominate စာရင်းဝင်ခဲ့ပါသေးတယ်။ ဆာမူရိုင်းရုပ်ရှင်တွေကို စိတ်မဝင်စားတဲ့သူကိုတောင် စိတ်ဝင်တစားဆွဲခေါ်သွားနိုင်တဲ့ ဇာတ်လမ်းကောင်းလေး တစ်ခုဖြစ်တဲ့အတွက် ကြည့်ကြည့်ကြဖို့ အကြံပေးချင်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Benni ပဲ ဖြစ်ပါတယ်) File size… 2 GB / 980 MB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 2h 11m Genre ….. Comedy, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Benni
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2 GB | Download | |
| 1080p | 2 GB | Download | |
| 1080p | 2 GB | Download | |
| 720p | 980 MB | Download | |
| 720p | 980 MB | Download | |
| 720p | 980 MB | Download | |
| 720p | 980 MB | Download |
ထုတ်လွှင့်သည့်နေ့
August 17, 2024
ကြာချိန်
2h 11m
အဆင့်သတ်မှတ်ချက်
7.1 / 10
Director
Junichi Yasuda