
A Normal Family (2024) ************************* IMDb… 7.3 Sky Castle , Penthouse တို့လို vibe မျိုးရစေမဲ့ Family, Thriller ရုံတင်ဇာတ်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ ၂၀၁၇ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ အမေရိကန်ရုပ်ရှင် The Dinner ကို remake ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး The Last Princess ၊ Forbidden Dream တို့ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ Hur Jin-ho က ရိုက်ကူးထားပြီး အားလုံးနဲ့မစိမ်းတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများဖြစ်ကြတဲ့ Sul Kyung-Ku ၊ Jang Dong-Gun ၊ Kim Hee-Ae နဲ့ Claudia Kim တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ – ဇာတ်လမ်းအကျဉ်း – ယန်းဂျယ်ဝမ် (Sul Kyung-Ku) ကတော့ ကိုယ့်လောဘတစ်ဖို့စာသာ သိပြီး လူသတ်သမားတွေကို ရှေ့နေလိုက်ပေးဖို့လည်း တွန့်ဆုတ်မနေသူပါ။ ဂျီဆူး (Claudia Kim) နဲ့ လက်ထပ်ထားပြီး ဂျီဆူးနဲ့မယူခင် အရင်အိမ်ထောင်နဲ့ရတဲ့ သမီးလေးတစ်ယောက် ရှိပါတယ်။ ယန်းဂျယ်ဂယူ (Jang Dong-Keon) ကတော့ စည်းမျဉ်းစည်းကမ်းများကို အလေးထားတဲ့ ကလေးအထူးကုဆရာဝန်တစ်ယောက်ဖြစ်ပြီး ယွန်းဂယောင်း (Kim Hee-Ae) နဲ့ လက်ထပ်ပြီး သားလေးတစ်ယောက်ရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ခံယူချက်တွေ မတူညီကြပေမဲ့ အပြစ်အနာအဆာမရှိတဲ့ သာမန်မိသားစုလေးဖြစ်ခဲ့တဲ့ သူတို့လေးဦး… တစ်နေ့မှာ သားနဲ့သမီးဖြစ်သူတို့ ပြစ်မှုကျူးလွန်နေတဲ့ မြင်ကွင်းကို ရိုက်မိထားတဲ့ စီစီတီဗီကို အမှတ်မထင် မြင်သွားတဲ့အခါ… လေးယောက်ကြား အထင်အမြင်တွေ ကွဲလွဲပြီး အေးချမ်းနေခဲ့တဲ့ မိသားစုလေး စတင်လဲပြိုလာတဲ့အခါမှာတော့… ကိုယ့်သွေးသားကိုပဲ ကာကွယ်ပေးမလား.. လူ့ကျင့်ဝတ်ကိုပဲ လိုက်နာမလား… သူတို့လေးဦး ဘယ်လိုရွေးချယ်မှုတွေ လုပ်ကြမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ ဝါရင့်သမ္ဘာရင့် ထိပ်ထိပ်ကြဲသရုပ်ဆောင်ကြီးတွေ ဖြစ်တဲ့အလျောက် သရုပ်ဆောင်ချက်တွေကအစ မိမိုက်နေတာဖြစ်လို့ ကြည့်ရှုသင့်ပါကြောင်း…။ (ဇာတ်လမ်းအကျဉ်းကို Hnin Wai Oo မှ ရေးသားပေးထားပါတယ်။) File size… 1.16GB/ 480MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 49m Genre ….. Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Hnin Wai Oo & Stary
| Provider | Resolution | File Size | |
|---|---|---|---|
| WEB-DL 1080p | 1.16GB | Download | |
| WEB-DL 1080p | 1.16GB | Download | |
| WEB-DL 1080p | 1.16GB | Download | |
| WEB-DL 1080p | 1.16GB | Download | |
| WEB-DL 720p | 480MB | Download | |
| WEB-DL 720p | 480MB | Download | |
| WEB-DL 720p | 480MB | Download | |
| WEB-DL 720p | 480MB | Download | |
| WEB-DL 720p | 480MB | Download | |
| WEB-DL 720p | 480MB | Download |