
ဒီကားကိုတော့ ဒါရိုက်တာ Cristian Ponce ရိုက်ကူးထားပြီး မင်းသမီး Marjorie Estiano က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားလေးကတော့ ထူးဆန်းထွေလာဆန်ဆန် Horror ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအစမှာတော့ အန်နာရဲ့ငယ်ဘဝအိပ်မက်ဆိုးကနေ စတင်ထားပါတယ်။ အမေအရင်းရဲ့ ဆေးခတ်ထားတဲ့နွားနို့ကိုသောက်ပြီးတော့ ထူးဆန်းတဲ့နေရာတစ်ခုမှာ ပိတ်မိနေခဲ့ပြီး မီးလောင်ပြင်ထဲကနေ ကယ်ထုတ်ခဲ့ရပါတယ်။ အနှစ်နှစ်ဆယ်ကျော်အကြာမှာ အမေဖြစ်သူရဲ့ သေဆုံးမှုသတင်းနဲ့ အတူ မီးသတ်ဌာနမှာ ကယ်ဆယ်ရေးအဖွဲ့ဝင်ဖြစ်လာခဲ့တဲ့ အန်နာက ငယ်စဉ်က အိပ်မက်ဆိုးတွေကို မေ့ဖျောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေခဲ့ပါတယ်။ ဒီလိုနဲ့ ရီယိုမုန်တိုင်းကြောင့် နေရာအနှံ့ရေကြီးခဲ့တဲ့အချိန်မှာ ဂေဟာ တစ်ခုကို ကယ်တင်ဖို့ အန်နာတို့အဖွဲ့က တာဝန်ရရှိခဲ့ပါတယ်။ အဲဒီဂေဟာက ရိုးရှင်းတဲ့ သက်ကြီးရွယ်အိုဂေဟာမဟုတ်ပဲ ထူးဆန်းနေတဲ့အခါ… အန်နာတို့အဖွဲ့က တစ်ယောက်စီခွဲသွားမိတဲ့နောက် သူတို့ကံကြမ္မာတွေက ဘယ်လိုဖြစ်သွားမလဲ… အန်နာရဲ့သေသွားတယ်ဆိုတဲ့ အမေကို ဂေဟာမှာတွေ့နေရတဲ့အခါ… ဂေဟာကလူတွေက ထွက်မသွားနိုင်ဘဲ ဘာကိုစောင့်နေကြတာလဲ… အန်နာနဲ့ကရော ဘာတွေပတ်သက်နေတာလဲ… အဲဒီအရာရဲ့ လက်ထဲက အန်နာလွတ်မြောက်နိုင်မလား… ဒါတွေကို ဒီဇာတ်ကားထဲမှာ အဖြေရှာရမှာပါ။ File size… (1.96GB) / (686MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.96GB | Download | |
| 1080p | 1.96GB | Download | |
| 1080p | 1.96GB | Download | |
| 1080p | 1.96GB | Download | |
| 720p | 686MB | Download | |
| 720p | 686MB | Download | |
| 720p | 686MB | Download | |
| 720p | 686MB | Download | |
| 720p | 686MB | Download |