
ဒီ animation လေးက ပြင်သစ်ကထွက်ရှိထားတဲ့ musical fantasy ဇာတ်ကားလေးဖြစ်ပြီး IMDb 6.7နဲ့ RT 86%အထိ ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အီမီနဲ့ ရာအူးလ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်က အိမ်အရောက် ပစ္စည်းလိုက်ပို့တဲ့ အလုပ်လုပ်ရင်း သိပ္ပံပညာရှင်ကြီးတစ်ဦး အိမ်ကိုအရောက် စပ်စုလိုစိတ်နဲ့ ပညာရှင်ကြီးတီထွင်ထားတဲ့ ပစ္စည်းတွေကို ဆတ်ဆော့ကြည့်မိရာမှ မတော်တဆမှုတစ်ခု ဖြစ်သွားပြီး အိမ်ထဲကသန်းတစ်ကောင်ကို ဧရာမသန်းကြီး တစ်ကောင်အဖြစ် ပြောင်းလဲပေးလိုက်မိပါတယ်။ အဲဒီသန်း မကောင်းဆိုးဝါးကြီးက ထွက်ပြေးလွတ်မြောက်သွားပြီး ရာအူးလ်ရဲ့crush ပြဇာတ်အဆိုတော်မလေးဆီ ရောက်သွား ခဲ့ပါတယ်။ အဲဒီအဆိုတော်မလေးကို ပိုးပမ်းနေတဲ့ အစိုးရ ကော်မရှင်နာတစ်ဦးလည်း ရှိပြီး အဲဒီအရာရှိက ထောက်ခံမှု ကျဆင်းနေတဲ့ သူ့ရာထူးအတွက် မျက်နှာကောင်းရနိုင်မယ့် အခွင့်အရေးကို စောင့်နေခဲ့တာပါ။ အဲဒါကြောင့် ပဲရစ်မြို့ထဲမှာ မကောင်းဆိုးဝါးရှိနေတယ်ဆိုတဲ့ ပြည်သူတွေရဲ့စကားကို အခွင့်ကောင်းယူ အဲဒီသန်းကောင်ကြီးကို ရှင်းပစ်လိုက်ပြီး လူတွေဆီက မျက်နှာကောင်းရချင်နေတာပါ။ ဒါပေမဲ့ အဲဒီ သန်းသတ္တဝါက ဘယ်သူ့ကိုမှ အန္တရာယ်မပြုမှန်း သိနေကြတဲ့အဆိုတော်မလေးနဲ့ အီမီ ရာအူးလ်တို့အဖွဲ့က ကော်မရှင်နာရဲ့ လက်ထဲကနေ သူ့ကိုကယ်တင်ဖို့ ကြိုးစားရပုံတွေကို သီချင်းမြူးမြူးလေးတွေနဲ့ တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ File Size : 1.5 GB, 752 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 40min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.5 GB | Download | |
| 1080p | 1.5 GB | Download | |
| 1080p | 1.5 GB | Download | |
| 720p | 752 MB | Download | |
| 720p | 752 MB | Download | |
| 720p | 752 MB | Download | |
| 720p | 752 MB | Download |