
A Family Man (2016) ******************** အဓိကဇာတ်ဆောင်အဖြစ် မင်းသားကြီး Gerard Butler ကသရုပ်ဆောင်ထားပြီး William Dafoe၊ Alfred Molina၊ Alison Brie၊ Gretchen Molစတဲ့ ပရိသတ်နဲ့ရင်းနီးပြီးသား သရုပ်ဆောင်တွေချည်းပါပဲ။ ဇာတ်လမ်းလေးကတော့ Head-hunter ဆိုတာ ကုမ္ပဏီတွေအတွက်လူသစ်ရှာဖွေရေးဝန်ဆောင်မှုလုပ်ရင်း အလုပ်ဖြစ်ရင်၊ ပွဲဖြစ်ရင် ကုမ္ပဏီဘက်ကနေ ဝန်ဆောင်ခရတဲ့ အလုပ်ကိုမျိုးကို ပွဲစားလိုလုပ်တဲ့ အလုပ်ပွဲစားတွေပေါ့။ အလုပ်လုပ်ဖို့ကလည်း စားပွဲတစ်လုံး ဖုန်းတစ်လုံး ထိုင်ခုံတစ်ခု လူတစ်ယောက်ပဲ လိုပါတယ်။ ကလိမ်ကကျစ်ကျတတ်ဖို့၊ ကွက်ကျော်ရိုက်တတ်ဖို့ ၊လိမ်လည်တတ်ဖို့ကတော့ အဆစ်ပေါ့ဗျာ။ သူဌေးဖြစ်သူကိုယ်တိုင်က အလုပ်မဖြစ်တဲ့ အလုပ်ပွဲစားတွေကို အလုပ်ဖြုတ်တဲ့စနစ်၊ ရာထူးတိုးချင်ရင်လည်း လအလိုက်အပြိုင်အဆိုင် ငွေရှာခိုင်း၊ နိုင်တဲ့သူမှ ရာထူးတိုးပေးတဲ့စနစ်ကိုပဲသွေးအေးအေးကျင့်သုံးတဲ့သူပေါ့။ ဘယ်လောက်တောင်ဆိုးလဲဆိုရင် အလုပ်ထွက်သွားတဲ့သူတွေ သူ့ကိုပြန်မတုနိုင်အောင် မယှဥ်ပြိုင်ရသဘောတူညီချက်(non-compete aggreement)တွေထားပြီး ကိုယ့်ဆီကအလုပ်ထွက်သွားရင်တောင် ဒီအလုပ်လုပ်လို့မရအောင် ခေါင်းပုံဖြတ်ထားသတဲ့။ ဒီအလုပ်ကိုပိုင်နိုင်ကျွမ်းကျင်သလို အရမ်းလည်းအလုပ်ကြိုးစားတဲ့ David Jensenတစ်ယောက် အလုပ်ကိုပဲ မဲလုပ်နေတော့ မိသားစုအပေါ်လစ်လပ်လာတာတွေ၊ သားသမီးကိုဂရုမစိုက်မိတာတွေ ဖြစ်လာတယ်။ ပိုကံဆိုးချင်တော့ သားဖြစ်သူက သွေးကင်ဆာ ဖြစ်ပြီး သေမလားရှင်မလားဖြစ်အလာ၊ အလုပ်ကလည်း အပြိုင်အဆိုင်ဆိုတော့ Dane တစ်ယောက် ဘာတွေဘယ်လို့ရှေ့ဆက်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ File Size :(948MB)&(461MB) Quality : Blu-Ray 1080p, 720p Format :mp4 Duration : 01:48:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by HYAN
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 948MB | Download | |
| 1080p | 948MB | Download | |
| 1080p | 948MB | Download | |
| 1080p | 948MB | Download | |
| 1080p | 948MB | Download | |
| 1080p | 948MB | Download | |
| 720p | 461MB | Download | |
| 720p | 461MB | Download | |
| 720p | 461MB | Download | |
| 720p | 461MB | Download | |
| 720p | 461MB | Download | |
| 720p | 461MB | Download |
ထုတ်လွှင့်သည့်နေ့
September 13, 2016
ကြာချိန်
1h 48m
အဆင့်သတ်မှတ်ချက်
7.0 / 10
Director
Mark Williams