
ဒီတစ်ခေါက်မှာတော့ လက်တွေ့ဘဝနဲ့ တစ်သားတည်းဖြစ်အောင် ရိုက်ကူးတင်ဆက်ပြထားတဲ့ ဒိန်းမက်စကားပြော ရုပ်ရှင် တစ်ကားကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်ကားထဲက အဓိကဇာတ်ကောင် မီယာဟာအတော်အသင့် အောင်မြင်နေပြီဖြစ်တဲ့ စာရေးဆရာမတစ်ဦးပါ။ မီယာက ခါတိုင်းဆို မနူးမနပ် တက္ကသိုလ်ကျောင်းသားအရွယ် မောင်လေးတွေနဲ့ပဲ တွဲခုတ်လေ့ရှိသူပါ။ ဒါပေမဲ့ သူ့ရဲ့ စာအုပ် မိတ်ဆက်ပွဲနေ့မှာ သူငယ်ချင်းနဲ့အတူပါလာတဲ့ အီမီးဆိုသူနဲ့ ဆုံဖြစ်ပြီး ဒိတ်ကြည့်တဲ့အခါ အဆင်ပြေတဲ့အတွက် တွဲဖြစ် သွားပါတယ်။ ကိုယ့်ထက်အသက်ငယ်တဲ့လူတွေနဲ့ပဲတွဲလေ့ရှိတဲ့ မီယာက သူနဲ့သက်တူရွယ်တူ ကလေး ၂ယောက်အဖေ အီမီးကို အတည်တကျချစ်မိသွားပြီး အီမီးနဲ့အတူနေဖို့ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီမှာ အီမီးရဲ့ကလေးနှစ်ယောက်ကိုလည်း သူကိုယ်တိုင် ပြုစုစောင့်ရှောက်ပေးရင်းနဲ့မှ ကိုယ်တိုင်ဝမ်းနဲ့လွယ်မွေးတဲ့ ရင်သွေးလိုချင်လာတဲ့အတွက် အီမီးနဲ့ အတူ ကလေးယူဖို့ ကြိုးစားပါတော့တယ်။ တစ်ချို့သောသူတွေအတွက် သားသမီးရဖို့ဆိုတာ လွယ်ကူတယ် ဆိုပေမဲ့လည်း မီယာနဲ့အီမီးတို့အတွက်ကတော့ မလွယ်ကူခဲ့ပါဘူး။ ဒီလိုနဲ့သူတို့နှစ်ယောက် ရင်သွေးလေးရဖို့အတွက် ဆေးရုံဆေးခန်း တွေပြ ကုထုံးတွေခံယူရင်း အခက်အခဲမျိုးစုံကိုကျော်ဖြတ်ရပုံကို ရိုက်ကူးတင်ဆက်ပြထားတာပါ။ တကယ့်လက်တွေ့ဘဝမှာလည်း သားသမီးရင်သွေးရရှိဖို့အတွက် ခက်ခဲရုန်းကန်နေတဲ့သူတွေရှိမယ်ဆိုရင် ဒီဇာတ်ကားကတကယ်ကို ဆေးတစ်ခွက်ဖြစ်စေမှာပါ။ ဒီရုပ်ရှင်ဟာ မီယာနဲ့ အီမီးတို့ကြားက စိတ်ခံစားချက် ရသမျိုးစုံအပြင် မျိုးဆက်ပွားကျန်းမာရေးအကြောင်းကိုပါသေချာလေး ရိုက်ကူး ပြထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်း ညွှန်းလိုက်ချင်ပါတယ်။ File size… (1.37 GB) / (669 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 45m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.37 GB | Download | |
| 1080p | 1.37 GB | Download | |
| 1080p | 1.37 GB | Download | |
| 1080p | 1.37 GB | Download | |
| 720p | 669 MB | Download | |
| 720p | 669 MB | Download | |
| 720p | 669 MB | Download | |
| 720p | 669 MB | Download | |
| 720p | 669 MB | Download |