
၁၉၄၅ ခုနှစ် ဂျပန်တို စစ်ရှုးပြီးနောက် ထိုင်၀မ်ကျွန်းကို တရုတ်နိုင်ငံဆီပြန်အပ်ရချိန် ၅၁ နှစ်ကြာ ဂျပန်ပိုင်ဖြစ်ခဲ့တဲ့ ထိုင်၀မ်ဟာ ဂျပန်လက်ထဲက လွတ်မြောက်ခဲ့ရပေမဲ့ တခြားစစ်ပွဲတွေက ဆီးကြိုနေသေးတယ်။ အစိုးရအပြောင်းအလဲတွေကြောင့် ဖရိုဖရဲတွေဖြစ်နေတဲ့အချိန်မှာ ကံကြမ္မာဆိုးတွေကို တစ်ခုပြီးတစ်ခု ခါးစည်းခံရတဲ့ လင်းမိသားစု။ လင်းမိသားစုမှာ သားယောကျာ်း ၄ ယောက်ထွန်းကားတယ်။ အကြီးဆုံးသားက အိမ်ထောင်ဦးစီးတာ၀န်ယူ၊ ဒုတိယမြောက်နဲ့တတိယမြောက်သားတွေက စစ်အတွင်းမှာ တပ်ထဲပါသွားခဲ့ပြီး ဒုတိယမြောက်သားက ဖိလစ်ပိုင်ကိုထွက်သွားခဲ့ရာကနေ စစ်ပွဲပြီးဆုံးသွားခဲ့ပေမဲ့ အိမ်ပြန်ရောက်မလာခဲ့။ တတိယမြောက်သားက စစ်ပွဲကရလာတဲ့စိတ်ဒဏ်ရာတွေကြောင့် တစ်ခါရူးရ၊ အိမ်ပြန်ရောက်ပြီး စစ်သားတွေနှိပ်စက်လို တစ်ခါပြန်ရူးရ၊ အငယ်ဆုံးသားလေးကတော့ ၈ နှစ်အရွယ်မှာ မတော်တဆဖြစ်ကာ နားကန်းခဲ့ရ။ ထိုင်၀မ်သားနဲ့ပြည်မသားတွေရဲ့ကြားက ပဋိပက္ခဖြစ်ပွားချိန် လင်းမိသာစုကြုံတွေ့ရဲ့အရာတွေကို လွမ်းမောဖွယ်တင်ဆက်ပြသပေးထားပါတယ်။ သမိုင်းနောက်ခံ စစ်အကြောင်းကိုရိုက်ထားပေမဲ့ ဒါရိုက်တာကြီး Huo Hsiao Hsein ရဲ့ထူးခြားပြောင်မြောက်ကာ သူမတူတဲ့စွမ်းရည်ကြောင့် လွမ်းဖွယ်အတိဖြစ်ကာ ဂန္တ၀င်မြောက်ခဲ့ရတယ်။ (ရုပ်ရှင်ကိုကြည့်ရှုခံစားပြီးလို soundtrack ကိုသဘောကျနှစ်ခြိုက်မိခဲ့သည်ရှိသော် – Soundtrack -S.E.N.S) File size…(2.2 GB)/(900 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:01:00 Genre… Tragedy, Comedy, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.2 GB | Download | |
| 1080p | 2.2 GB | Download | |
| 1080p | 2.2 GB | Download | |
| 1080p | 2.2 GB | Download | |
| 720p | 900 Mb | Download | |
| 720p | 900 Mb | Download | |
| 720p | 900 Mb | Download | |
| 720p | 900 Mb | Download | |
| 720p | 900 Mb | Download |