
ကာရင်' ဆိုတဲ့စကားလုံးကို ဒီခေတ်မှာ သိပ်မစိမ်းကြတော့ဘူးလို့ ထင်ပါတယ်။ 'ကာရင်' ဆိုတာ နေရာမရွေး ကွိုင်ရှာတတ်တဲ့ ပြဿနာအိုး၊ လူမျိုးရေးခွဲခြားဆက်ဆံတတ်တဲ့ သက်လတ်ပိုင်း အမေရိကန် လူဖြူအမျိုးသမီးကြီးတွေကို ခေါ်ဆိုတဲ့ ဗန်းစကားတစ်ခုပါ။ ကာရင်တွေရဲ့ ထစ်ခနဲရှိ လက်သုံးစကားတွေက 'ငါ ရဲခေါ်လိုက်မယ်' 'မန်နေဂျာနဲ့ စကားပြောမယ်' 'နင်တို့နေတဲ့နိုင်ငံကိုသာ ပြန်သွား' ဆိုတာတွေပါ။ 'ကာရင်' ဆန်ပြီး ကာရင်လို့အမည်ရတဲ့ အမျိုးသမီးတစ်ဦးဟာ ခရစ္စမတ်အကြိုညမှာ အရင်က သူဌေးမဟောင်းနဲ့ ပြန်ဆုံခဲ့ပါတယ်။ သူမရဲ့ သူဌေးဟာ လွန်ခဲ့တဲ့ နှစ် ၂၀ က ခရစ္စမတ်ညမှာ ဆုံးပါးသွားခဲ့သူပါ။ တစ္ဆေအဖြစ်နဲ့ လာရောက်ခြောက်လှန့်ခဲ့တဲ့ သူမရဲ့ သူဌေးဖြစ်သူဟာ ရှင်သန်နေစဥ်ကာလမှာ လုပ်ခဲ့မိတဲ့ ပြစ်ဒဏ်တွေကြောင့် ကြေးချွတ်သန့်စင်ဘုံမှာ ပြစ်ဒဏ်ခံနေရသူတစ်ဦးလည်း ဖြစ်ပါတယ်။ လေလွင့်တစ္ဆေဖြစ်နေတဲ့သူမဟာ အသက်ရှိနေစဥ်ကာလမှာ သူတစ်ပါးရဲ့ယောကျာ်းတွေနဲ့ အိပ်မိခဲ့တဲ့အတွက် အပြစ်ကြွေးဆပ်နေရပါတယ်။ ဒါပေမဲ့ ထိုအပြစ်ကြွေးကြောင့် ဘယ်လိုမျိုးများ ချုပ်နှောင်ခံနေရသလဲ...။ သူမလို မဖြစ်စေဖို့ ကာရင့်ကို လာရောက် သတိပေးတဲ့အခါမှာရော ဘယ်လိုမျိုးတွေ ဆက်ဖြစ်မလဲ...။ ဒီလိုနဲ့ ကာရင်တစ်ယောက် သူမရဲ့ သူဌေးဟောင်း လွှတ်ပေးလိုက်တဲ့ တစ္ဆေတွေနဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလတွေရဲ့ ခရစ္စမတ်တွေကို ပြန်လည်သွားရောက်ခဲ့တဲ့အခါမှာရော ဘယ်လိုအကြောင်းအရာတွေကို သိရှိလိုက်ရမလဲ။ ပြဿနာအိုး ကာရင်နဲ့ တစ္ဆေတို့ရဲ့ ခရီးလမ်းဟာရော ဖြောင့်ဖြူးပါ့မလား... ပြဿနာ တက်ရော တက်ပါ့မလား...။ ဒီလိုနဲ့ ကာရင်တစ်ယောက် ခရစ္စမတ်ပေါင်းများစွာ ပြန်လည်ဖြတ်သန်းရချိန်မှာ တွေ့ကြုံရမယ့်ဖြစ်ရပ်တွေနဲ့ ကိစ္စရပ်တွေကို ရယ်စရာ မောစရာ ဒေါသထွက်စရာ စုံလင်စွာနဲ့ ကြည့်ရှုနိုင်တော့မှာပါ။ ရာသီဥတုအေးတဲ့ဆောင်းညတွေမှာ Christmas Vibe အပြည့်နဲ့ အပန်းဖြေဖို့ဆိုရင် ဒီလိုဇာတ်ကားကောင်းလေးတစ်ခုကိုလည်း လက်မလွတ်ပါစေနဲ့နော်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shin Mann Htet Myat မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 880MB Quality - 1080p, 720p Format - mp4 Duration - 1H 38Min Genre - Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Shin Mann Htet Myat Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.9GB | Download | |
| 720p | 880MB | Download | |
| 1080p | 1.9GB | Download | |
| 720p | 880MB | Download |
ထုတ်လွှင့်သည့်နေ့
November 18, 2022
ကြာချိန်
1h 38m
အဆင့်သတ်မှတ်ချက်
8.0 / 10
Director
Jon Binkowski, Lisa Enos Smith