| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.1GB | Download | |
| 720p | 1GB | Download | |
| 1080p | 2.1GB | Download | |
| 720p | 1GB | Download |

The Goonies (1985) Rt - 76% , IMDb - 7.7 Everything Everywhere All At Once မှာ အမျိုးသားဇာတ်ပို့ဆုအတွက် အော်စကာရသွားခဲ့တဲ့ မင်းသားကြီး Ke Huy Quan ငယ်စဉ်ကပါဝင်သရုပ်ဆောင်ထားခဲ့ပြီး ဒါရိုက်တာကြီး Steven Spielberg ရေးခဲ့တဲ့ဇာတ်လမ်းကိုရိုက်ကူးထားတဲ့ မိသားစု စွန့်စားခန်း ဟာသကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အပေါင်ငွေကိုဆက်ပြီးမသွင်းနိုင်တော့လို့ အိမ်ကိုအသိမ်းခံရတော့မဲ့ Goon Docks မှာနေကြတဲ့ "ဂူနီ" လို့ခေါ်တဲ့ မိုက်ကီ၊ ဘရန်း၊ မောက်ပ်၊ ချန့်ခ်၊ ဒေတာ တို့ သူငယ်ချင်းတစ်သိုက်က သူတို့နောက်ဆုံးအတူရှိနေရမဲ့နေ့လေးကို ကျင်းပဖို့အတွက် မိုက်ကီနဲ့ ဘရန်း ညီအစ်ကိုတို့ရဲ့အိမ်မှာစုပြီးရောက်နေခဲ့ကြပါတယ်။ ဒီလိုနဲ့ မိုက်ကီတို့အိမ်ထပ်ခိုးပေါ်က မိုက်ကီအဖေ့ရဲ့ ပစ္စည်းတွေကိုမွှေနှောက်ကြရင်း နာမည်ကြီးပင်လယ်ဓားပြကြီး မျက်လုံးတစ်လုံး ဝီလီရဲ့ရတနာမြေပုံကိုတွေ့ရှိသွားပါတယ်။ ဒီလိုနဲ့သူငယ်ချင်းတစ်သိုက် အကိုကြီး ဘရန်းကို တစ်ပတ်ရိုက်ကာ အိမ်မှာထားပစ်ခဲ့ကြပြီး ရတနာမြေပုံထဲမှာပြောထားတဲ့နေရာကိုလိုက်ရှာပါတော့တယ်။ ဖြစ်ချင်တော့ ရတနာသိုက်ကိုညွှန်ပြထားတဲ့နေရာက နာမည်ကြီးရာဇဝတ်မိသားစုဖြစ်တဲ့ ဖရာတဲလိစ် မိသားစုပုန်းခိုရာနေရာဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ ဖရာတဲလိစ် မိသားစုကိုရော၊ မျက်လုံးတစ်လုံး ဝီလီ လုပ်ထားပစ်ခဲ့တဲ့ ထောင်ခြောက်တွေကိုရော ရှောင်းတိမ်းရင်းနဲ့ ဂူနီ တစ်သိုက် ရတနာသိုက် ရှာပုံတော်ဖွင့်ကြပါတော့တယ်။ ဂူနီ တစ်သိုက် ဝီလီထားပစ်ခဲ့တဲ့ ရတနာတွေကိုရနိုင်ပါ့မလား၊ ဖရာတဲလိစ်တွေကပဲ သူတို့ကိုမိသွားမလား၊ ရတနာတွေကရော တကယ်ရှိနေမှာလား၊ နောက်ဆုံးမှာသူတို့ရဲ့ အိမ်တွေဆုံးရှုံးရမဲ့အခြေအနေကနေ ကယ်တင်ပေးနိုင်မလားဆိုတာကို ကလေးတစ်သိုက်ရဲ့ စွန့်စားခန်းအပြည့်နဲ့အတူ 1985 မှာထွက်ရှိခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်တာမလို့ အတိတ်ကိုသတိရရင်း ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးနဲ့ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size… 2.1GB / 1GB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 54m Genre ..... Adventure , Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by TMMT