![[18+] Zillion](https://image.tmdb.org/t/p/w1920/rxOh6SQzLmrl5sRhPTsTRQvthU9.jpg)
IMDb 7.4 အထိရရှိပြီး ၂ နာရီ ၁၈ မိနစ်ကြာတဲ့ Crime/Drama အမျိုးအစားရုပ်ရှင်ပါ။ ဒီရုပ်ရှင်က Nightlife အကြောင်းကိုရိုက်ပြထားတဲ့ရုပ်ရှင်ပါ။ အချိန်ကာလအားဖြင့် ၁၉၉၇ခုနှစ်ပါ။ ဘယ်လ်ဂျီယံနိုင်ငံရဲ့ အကြီးဆုံး ဒစ်စကိုနိုက်ကလပ်ကြီးရဲ့ ပိုင်ရှင်သူဌေး၊ ဘယ်လ်ဂျီယံရဲ့အလှဆုံး အမျိုးသမီး မစ္စဘယ်လ်ဂျီယံ ၁၉၉၇ ရဲ့ဘေးမှာ မနက်တိုင်းနိုးထခွင့်ရတဲ့သူ အသက် ၂၇ နှစ်အရွယ် ခရန့်ခ်ဟာ မူလအစမှာတော့ အီလက်ထရောနစ်ပစ္စည်းတွေကို မှောင်ခိုတင်သွင်းတဲ့ ကွန်ပျူတာဉာဏ်ကြီးရှင်လေးတစ်ယောက်ပါ။ ဒါပေမဲ့ တစ်ခုခုကိုလိုချင်ပြီဟေ့ဆိုရင် ရအောင်ယူတတ်တဲ့ ဉာဏ်ကြီးရှင်ဖရန့်ခ်ဟာ မှောင်ခိုပစ္စည်းရောင်းတဲ့အလုပ်နဲ့ပဲ မတင်းတိမ်နေဘဲ ဘယ်လ်ဂျီယံမှာ တစ်ခါကမှမရှိခဲ့ဖူးတဲ့ နည်းပညာတွေ ၀န်ဆောင်မှုတွေနဲ့ ဒစ်စကိုကလပ်ကြီးကိုတည်ဆောက်ဖို့အတွက် မဟာဗျူဟာမြောက်စီမံကိန်းကြီးကို အကောင်အထည်ဖော်လိုက်တဲ့နောက်မှာတော့ Nightlife ဘုရင် ဖရန့်ခ်ရဲ့ အောင်မြင်မှုတွေ၊ ဘ၀ အနိမ့်အမြင့်အတက်အကျတွေ နဲ့ ဒစ်စကိုခရီးစဉ်ကြီးကို ဆက်လက်ကြည့်ရှုရမှာပါ။ ဒီရုပ်ရှင်ထဲမှာ ၉၀ နှစ်တွေတုန်းက Nightlife ကို ဒစ်စကိုမီးတွေ Techno သီချင်းတွေနဲ့ တစ်ကားလုံး မြိုင်မြိုင်ဆိုင်ဆိုင်ကို ပုံဖော်ရိုက်ပြထားပါတယ်။ သရုပ်ဆောင်ချက်တွေကလည်း ပြောစရာမရှိအောင်ကောင်းသလို ပေးချင်တဲ့မက်ဆေ့ခ်ျတွေလည်းပါတာမလို့ သေချာပေါက်မြည်းစမ်း ကြည့်ရှုကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။ Nudeရိုက်ချက်တွေ၊ Sex scene တွေပါတာကြောင့် ၁၈ နှစ်အောက် ကြည့်ရှုဖို့မသင့်ပါဘူး။ File size…(2.6 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:18:00 Genre…Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant