
¶ကိုယ့်ရဲ့ စားပွဲအိုလေးထက်မှာ ပြန့်ကျဲ စက္ကူအပိုင်းအစတွေ ဆေးလိပ်တိုတွေနဲ့ ကံ့ကော်ပန်းခြောက်တစ်ပွင့် ဒါသက်ငြိမ် ပန်းချီကားပဲ¶ ထူးအိမ်သင်ရင် သက်ငြိမ်သီချင်းကို တိုးတိုးလေးငြီးမိရင်း ဒီဇာတ်ကားလေးရဲ့အညွှန်းကို ပုံဖော်ကြည့်မိသည်။ အနုပညာတွင် still art လို့ခေါ်တဲ့ သက်ငြိမ်အနုပညာ ဆိုတာ ခံစားရနက်နဲသည် ပန်းချီတို့ ဓာတ်ပုံတို့သည် သက်ငြိမ်အနုပညာပင်ဖြစ်သည်။ မိုနာလီဇာပန်းချီကားတို့ ဗင်းဆင့်ဗန် starry night အာလူးစားသူများ အစရှိသည်ကနေ ပူလစ်ဇာဆုရ ဓာတ်ပုံများထိ သက်ငြိမ်များပင်..... ခေတ်တွေပြောင်း ရာစုနှစ်တွေကြာညောင်းပါစေ ပန်းချီကား ဓာတ်ပုံကားချပ်များက စကားလှမ်းပြောနေကြသည်။ တစ်ယောက်နှင့်တစ်ယောက် ကြားရသည့်အသံတွေတော့ တူမည်မဟုတ်။ သက်ငြိမ်ပန်းချီကားတစ်ချပ်ကို စီးကရက်ဖွာရင်း ခံစားတတ်သူတွေအတွက် ယခုရုပ်ရှင်က အသိမ်မွေ့ဆုံး သက်ငြိမ်တစ်ခုကို ရုပ်ရှင်အနုပညာထဲတွင် ထုဆစ်ပြသပေးထားသည် ရုပ်ရှင်ပွဲတော်များတွင်လဲ ဆုများရရှိခဲ့ပြီး ပန်းချီပညာ ဓာတ်ပုံပညာ ဒဿနများပြည့်ဝစွာဖော်ကျူးထားသော သက်ငြိမ်ပန်းချီကားတစ်ချပ် မိတ်ဆွေတို့အတွက် တစ်ကိုယ်ရည်ညချမ်းတွေကို အဖော်ပြုပေးနိုင်မှာပါ File size…3.24GB / 1.06GB Quality…1080p BluRay /720p Format…mp4 Duration….1h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 3.24GB | Download | |
| 720p | 1.06GB | Download | |
| 1080p | 3.24GB | Download | |
| 720p | 1.06GB | Download |