![[18+] Black Snake Moan (2006)](https://image.tmdb.org/t/p/w1920/i8x7qxJvtROen1yny3270RtKgEa.jpg)
Black Snake Moan (2006) ~ IMDb - 6.9/10, Rotten Tomatoes - 66% ~ ဒီကားကိုတော့ မူလဘူတဗုဒ္ဓဟူးမ တစ်ဖြစ်လဲ Christina Ricci နဲ့ မေမေ့အချစ်တော်ကြီး Samuel L. Jackson အပြင် Justin Timberlake တို့က သရုပ်ဆောင်ထားပါတယ်။ IMDb လည်း 6.9/10 အထိရထားတဲ့ ရုပ်ရှင်ပါ။ အဓိကဇာတ်ကောင်က ငယ်စဉ်ဘဝမှာ ပထွေးအနိုင်ကျင့်ခံရပြီး လိင်စိတ်စွဲလမ်းမှုကြီးနေတဲ့ ကောင်မလေးဆိုတော့ ဒီကားမှာ အဖော်အချွတ်ခန်း တော်တော်များတာမို့ မိသားစုနဲ့တော့ မကြည့်စေချင်ပါဘူး။ ဘာနေနေ အမေ့အချစ်တုံးကြီးရဲ့ ထူးခြားတဲ့ဇာတ်ရုပ်နဲ့တကွ ရက်စက်စွာသော ချစ်စွာသော လူတွေရဲ့ဘဝတွေကို ကြည့်ရင်း ဖီးလ်ရမယ့် ရုပ်ရှင်မို့ ဒရာမာပရိသတ်တွေ ကြိုက်ကြမယ့်ရုပ်ရှင်ပါပဲ။ မယားက ညီနဲ့ဖောက်ပြန်သွားလို့ အရှက်တကွဲအကျိုးနည်းစွာ အားလုံးကိုရှောင်နေတဲ့ လူ့ဂွစာကြီးဟာ တစ်မြို့လုံးက အပျက်မလို့ သမုတ်ခံထားရတဲ့မိန်းကလေးတစ်ယောက်ရဲ့ ဘဝကို ဘယ်လိုပြန်အသက်သွင်းပေးမလဲ ကြည့်ရမယ့် ဒရာမာကားကောင်းလေးပါ။ ဒီကားကိုရိုက်တဲ့ ဇာတ်ညွှန်းရေးခဲ့တဲ့ ဒါရိုက်တာကတော့ Katy Perry: Part of Me ရဲ့ ပရိုဂျူဆာ၊ The Legend of Tarzan ရဲ့ ဇာတ်ညွှန်းဆရာ၊ Coming 2 America ရဲ့ ဒါရိုက်တာဖြစ်တဲ့ Craig Brewer ပါ။ ဒီကားမှာ ဆမ်ကြီးက ဘလူးစ်ဂီတသမားအနေနဲ့ သရုပ်ဆောင်ထားပြီး ဒီကားအတွက် သူတီးခဲ့ဆိုခဲ့သမျှ သီချင်းတွေအားလုံးအတွက် နှစ်ဝက်လောက် တစ်နေ့ကို ခြောက်နာရီလောက် ဂီတာတီးကျင့်ထားရတာပါ။ မဆမ်မြူရယ်ကြီး ရေရေလည်လည်အစွမ်းပြထားတဲ့ကားလို့ပြောလည်းရပါတယ်။ မင်းသမီးကလည်း ဒီကားမှာ သူအခတ်ခံရတဲ့ ၁၈ပေါင်လေးတဲ့ သံကြိုးတွေကို အစစ်တွေနဲ့ သုံးပြီး ရိုက်ကူးထားတာပါ။ ဒီကားကို ကီဗင်စမစ်ကတော့ အဲဒီနှစ်ရဲ့အကောင်းဆုံးကားလို့လည်းပြောခဲ့သလို Ricci နဲ့ Jackson ကိုလည်း ချီးကျူးခဲ့ပါတယ်။ Pulp Fiction နောက်ပိုင်း Jackson ရဲ့ အကောင်းဆုံးပါဖောမန့်ဖြစ်သလို Ricci ရဲ့သက်တမ်းတစ်လျှောက်အကောင်းဆုံး ပါဖောမန့်လို့လည်းပြောခဲ့ပါတယ်။ သရုပ်ဆောင်တွေနဲ့တင် တန်နေတဲ့ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.05GB, 905MB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 1H 56Min Genre - Drama, Music Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y
ဒေါင်းလုပ်လင့်ခ်များမရှိသေးပါ
ထုတ်လွှင့်သည့်နေ့
December 31, 2006
ကြာချိန်
1h 56m
အဆင့်သတ်မှတ်ချက်
6.9 / 10
Director
Craig Brewer