
ဒီဇာတ်ကားလေးကိုတော့ အတော်လေးသဘောကျမိပါတယ်..ပေါ့ပေါ့ပါးပါးရိုက်ကူးထားပြီးကြည့်ရှုသူရဲ့ ရင်ထဲမှာလည်း စိတ်လက်ပေါ့ပါးသွားစေမယ့်ဇာတ်ကားမျိုးလေးပါ..တစ်နေ့တာအတွက်စိတ်ပင်ပန်းသူတွေ စိတ်အပန်းဖြေ အပျင်းပြေ ကြည့်ဖို့အတွက် အထူးသင့်တော်တဲ့ကားလေးတစ်ကားဖြစ်ပါတယ်... မင်းသား Zac Efron နဲ့ Friends စီးရီးထဲက ချန်ဒလာဘင်း တဖြစ်လဲ Matthew Perry , Eurotrip မင်းသမီး Michelle Trachtenberg,The Other Woman မင်းသမီး Leslie Mann တို့ပါဝင်သရုပ်ဆောင်ထားပြီး...IMDb Rating မှာ 6.4 ရရှိထားတဲ့ Comedy, Drama, Fantasy အမျိုးအစားဇာတ်ကားလေးပါ။ ဇာတ်လမ်းလေးကစိတ်ဝင်စားဖို့ကောင်းပါတယ်... ပထမဆုံးဇာတ်လမ်းစစချင်းမှာ မိုက်ခ် က ဘတ်စကတ်ဘောကစားသမားတစ်ယောက်ပေါ့ အဲဒီ့ အားကစားမှာသူဟာထူးလည်းထူးချွန်တယ်..ဝါသနာလည်းအရမ်းပါတယ်..သူတို့ကျောင်းပွဲတစ်ပွဲက ကစားရမယ့်ပွဲက သူ့ရဲ့အနာဂတ်အတွက်ပေါ့..ဖြစ်ချင်တဲ့အဲ့နေ့ ကစားတဲ့ပွဲမစခင်လေးမှာ သူ့ချစ်သူ စတားလက် ရောက်လာပါတယ်..အဝေးကိုထွက်သွားရတော့မယ့်အကြောင်းပြောတယ်..မိုက်ခ်မှာလည်း သူ့ရဲ့အရမ်းဝါသနာပါတဲ့အားကစားနဲ့သူချစ်ရတဲ့ချစ်သူကို ရွေးချယ်ရမယ့်အချိန်မှာတော့ စတားလက် ကိုသာ ရွေးချယ်ခဲ့ပါတယ်..... နှစ်ပေါင်း 20 ကြာပြီးတဲ့နောက်မှာတော့ မိုက်ခ်တစ်ယောက် အလုပ်တွေကအဆင်မပြေ.. ဇနီးဖြစ်သူနဲ့လည်းအဆင်တော့ပါဘူး..စတားလက်ကလည်း တရားရုံးကနေ တဆင့်ကွာရှင်းခွင့်တောင်းထားသလို မိုက်ခ်ကလည်း သားသမီးတွေနဲ့ နွေးထွေးတဲ့ဆက်ဆံမှုမျိုးသိပ်မရှိဘူး...တစ်နေ့သူ့သားနဲ့သမီးတက်နေတဲ့ ကျောင်းကိုရောက်သွားတော့ ဟိုးအရင်လူငယ်ဘဝတုန်းက အဲ့ကျောင်းမှာ ဘတ်စကတ်ဘောကစားခါနီး ရိုက်ထားခဲ့တဲ့သူ့ပုံကိုပြန်လည်တွေ့သွားတော့ မိုက်ခ်တစ်ယောက်အတိတ်ကို လွမ်းဆွတ်ဟန်နဲ့ပြန်စဉ်းစား မိသွားတယ်..သူ့စိတ်ထဲမှာတွေးနေခဲ့တဲ့အရာတခုက အဲ့အချိန်တုန်းက သူက စတားလက်နောက်ကို ပြေးမလိုက်ခဲ့ဘူးဆိုရင် ဒီလိုတွေဖြစ်လာစရာလိုမှာမဟုတ်ဘူးလို့ပေါ့...ဘေးနားက သန့်ရှင်းရေးလုပ် နေတဲ့သူတစ်ယောက်က မထင်မှတ်ပဲ " မင်းဒီကိုမကြာခင်ပြန်လာရမှာပါ " ဆိုတဲ့စကားကြောင့် မိုက်ခ်တစ်ယောက်ကြောင်တောင်တောင်ဖြစ်သွားတယ်..ဒီလိုပဲဂရုမထားပဲပြန်လာခဲ့တယ်.. နောက်ပိုင်းအလုပ်တွေကလည်းအဆင်မပြေ..ဇနီးနဲ့လည်းအဆင်မပြေဖြစ်ပြီးစိတ်ညစ်ကာ မိုက်ခ် တစ်ယောက်ကားကို အသားကုန်မောင်းလာခဲ့ပါတယ်..တံတားပေါ်ကိုရောက်တော့ လူတစ်ယောက် ခုန်ချဖို့ကြိုးစားနေတာကိုတွေ့တဲ့အတွက် ကယ်တင်ဖို့ ပြေးလာခဲ့တယ်..ဒါပေမယ့် သူရောက်တော့ အဲ့လူက မရှိတော့ဘူး..အောက်ကျသွားသလားလို့ ငုံ့ကြည့်မိရင်းနဲ့ သူ ပါ တံတားပေါ်ကနေပြုတ်ကျသွား ပါတယ်...တံတားပေါ်က ပြန်တက်လာပြီး အိမ်မှာသူ့ကိုယ်သူရေချိုးရင်း နဲ့ ရေချိုးခန်းက မှန်ကိုကြည့် မိတဲ့အခါ သူ့အရွယ်ဟာ 17 နှစ် အရွယ်သို့ပြန်ရောက်နေတဲ့အခါမှာတော့............................... 17 နှစ်သား တစ်ယောက်ရဲ့ လွတ်လပ်မှုတွေ ပျော်ပျော်ပါးပါး မိုက်ခ်တစ်ယောက်ပြန်လည်ခံစားပုံတွေ ပျော်စရာကောင်းတဲ့ကိစ္စတွေ..ဟာသအကြောင်းအရာတွေကို ဆက်လက်ရှုစားကြပါ။ File size…(1.6 GB)/(700 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:41:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 720p | Download |
ထုတ်လွှင့်သည့်နေ့
March 11, 2009
ကြာချိန်
1h 42m
အဆင့်သတ်မှတ်ချက်
6.3 / 10
Director
Burr Steers