![[16+] Hotel Royal](https://image.tmdb.org/t/p/w1920/dttsEj5WNVRDfnzHmdvwmRg9D2n.jpg)
လူ့သဘာဝ သရုပ်ဖော်ကားလေးတွေဟာ အေးအေးငြိမ့်ငြိမ့်လေးနဲ့ရှယ်ဆွေးလို့ကောင်းလှပါတယ်။ ဒါကို The pursuit of happyness လိုကားမျိုးလေးတွေက သက်သေပြလို့နေပါတယ်။ ၂၀၂၀ ခုနှစ်ရဲ့ အဲလိုကားမျိုးလေးတွေရှာကြည့်ရင်းနဲ့ ကျွန်တော့်မျက်စိရှေ့ရောက်လာတာကတော့ Hotel Royal ဆိုတဲ့ဂျပန်ကားလေးပါ။ Rating က 5.6 သာရထားပြီး ဂျပန်ကားတွေရဲ့ထုံးစံအတိုင်း စကားပြောကဖောင်းပွနေတတ်တာမို့ ဒီကားလေးမို့ တစ်ခြားလေးတွေထက် နောက်ဆုံးမှကြည့်မယ်လုပ်ထားခဲ့ပါတယ်။ အမျိုးအစားက Family အမျိုးအစားမလို့ လူ့သရုပ်ဖော်ကိုက၊ မိသားစုချစ်ခြင်းတွေဖက်ကို ဦးစားပေးမယ့်ကားမျိုးလေးလို့တော့ တွေးထားလိုက်ပါတယ်။ တကယ်ဒီကားလေးကို ကြည့်ဖြစ်သွားတဲ့အချိန်မှာတော့ အထင်နဲ့အမြင်ဟာ တက်တက်စင်အောင်လွဲရပါတော့တယ်။ စကားပြောကျစ်လျစ်မှုမရှိဘဲ ဖောင်းပွနေတာမျိုးမရှိသလို၊ မလိုတဲ့အပိုသရုပ်ဆောင်မှုတွေလည်းမတွေ့ရပါဘူး။ ပြောရမယ်ဆို ကျွန်တော် ၃ ခါကျော်ကျော်လောက်ကို မျက်ရည်ဝဲရတဲ့အထိပါပဲ။ ဘာကြောင့် IMDb နည်းနေရလဲကတော့ Lucy လိုရသင့်သလောက် rating ထိမတက်လာတာမျိုးဘဲဖြစ်လိမ့်မယ်လို့ပဲတွေးလိုက်ရတဲ့အထိပါ။ ဘာသာပြန်ဖို့ကြည့်ကြည့်နေရင်း မျက်ရည်တွေထထဝဲရသလို ဇာတ်ကားကြည့်ပြီးသွားတဲ့အခါ ရင်ထဲတစ်မျိုးကြီးကျန်ခဲ့စေတဲ့ ကားကောင်းလေးပါပဲ။ ဇာတ်လမ်းအကျဉ်လေးပြောရမယ်ဆိုရင် မီဆာယိုဆိုတဲ့ ကောင်မလေးဟာ Hotel Royal ဆိုတဲ့ စုံတွဲတွေလာလာတွဲလေ့ရှိတဲ့ဟိုတယ်ကြီးမှာ ခံစားချက်မဲ့နေတာကနေပဲစတယ်ပေါ့ဗျာ။ ဒီတော့ ဒီကောင်မလေး ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ၊ ဒီဟိုတယ်ကြီးမှာရော ဘယ်လိုဇာတ်လမ်းမျိုးတွေရှိနေခဲ့တာလဲ၊ မိသားစုနဲ့သက်ဆိုင်တဲ့အကြောင်းလေးတွေကို ဘယ်လိုထုတ်ဖော်ဖွင့်ဟသွားမလဲဆိုတာ Hotel Royal ဆိုတဲ့ကားလေးထဲမှာ ရှုစားပေးလှည့်ပါဦးခင်ဗျာ။ ကြည့်ရတာတကယ်တန်စေမယ့်ကားကောင်းလေးတစ်ကားပါ။ File Size__(1.9GB) / (900MB) Quality__1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:44:00 Type__Adult, Family Subtitle__Myanmar Subtitle (Hardsub) Translated by STA Encoded by Naing Aung Latt
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 720p | Download |
ထုတ်လွှင့်သည့်နေ့
November 13, 2020
ကြာချိန်
1h 44m
အဆင့်သတ်မှတ်ချက်
5.8 / 10
Director
Masaharu Take